ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 33
Chapter 667 (စိတ်ကူးယဉ် သက်သက်…)တော်၀င်ရှ ကမ္ဘာကြီးရဲ့ ဒက်နော့ပင်လယ်ပြင်ထဲက ကျွန်းကလေးတစ်ကျွန်း…
ဂျိနင်ဟာ သူ့အရှေ့က မြင်ကွင်းကို ကြည့်လို့နေခဲ့ပါတယ်။ အခုက ဆောင်းရာသီဖြစ်ပေမဲ့လည်း ဒီကျွန်းကလေးရဲ့ ရာသီဥတုအခြေအနေကြောင့် နွေဦးအလားဖြစ်နေခဲ့တယ်လေ။ ပန်းပွင့်တွေ ပြည့်လို့နေတဲ့ ကျွန်းကလေးဟာ တော်တော်ကို လှပနေခဲ့ပါတယ်။
“ဂိုဏ်းတူအစ်မတော်…”
“ကိုယ်တို့တွေ သိပ်မကြာခင် ပြန်ပြီးဆုံတွေ့ကြရတော့မယ်… ကိုယ်တို့ မိသားစုလေး ပြန်ပြီး ဆုံရတော့မယ်လေ။”
သူမဘယ်လို အသွင်ရှိတယ်ဆိုတာကို နင်မှတ်မိလို့နေဆဲ.. သူဓားသိုင်းလေ့ကျင့်စဉ်ကလည်း သူမရဲ့ ၀မ်းဗိုက်ကို ပွတ်သပ်ပြီးတော့ ကြည့်ရှုနေခဲ့တဲ့ မြင်ကွင်း… နွေးထွေးကြည်နူးဖွယ်ကောင်းတဲ့ အတိတ်အချိန်တွေ… ရှန်းနွန်ရဲ့ ဆေးပုလင်းကော သူမရဲ့ စိတ်ဝိညာဉ်ပါ ပျက်စီး ပျောက်ကွယ်သွားခဲ့ပြီ… သူမကို ပြန်လည်ရရှိဖို့အတွက် နင်ဟာ သူ့ရဲ့ အသက်ကို ရင်းပြီးတော့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ ဦးချိုကိုးချောင်း မိုးကြိုးမြွေနဂါး ကိုယ်ဖော့သိုင်းကို နင်ရရှိခဲ့ပါတယ်။ ပြီးတော့ အစွမ်းထက်တဲ့ နှလုံးသားအင်အားကိုလည်း ထပ်မံရရှိခဲ့တဲ့အပြင်ကို ဆရာကြီး ဖူရှီက သူ့အတွက် ရာဟူး ၀င်္ကပါကိုလည်း လက်ဆောင်ပေးခဲ့တယ်လေ။ ဒါကြောင့်လည်း အက်ကြောင်းမဲ့ဂိတ်က သူ့ကို အလျှော့ပေးလိုက်ရတာပါ…နောက်ဆုံးတော့.. သူ.. သမီးလေး တို့ သူ့အချစ်ရဆုံးသော မိန်းမနဲ့ ပြန်ပြီးဆုံဆည်းရပါတော့မယ်။ သူတို့ မိသားစု သုံးဦး သိုက်သိုက်၀န်း၀န်း ပြန်လည်ဆုံတွေ့ကြရတော့မှာပါ..
၀ုန်း ဝုန်း
စွမ်းအင်လှိုင်းတစ်ခု ဆင်းသက်လာခဲ့တာလား.. နင်လည်း လှည့်ကြည့်လိုက်မိပါတယ်။
၀တ်စုံနက်၀တ် လူကြီးတစ်ဦးဟာ အဝေးကလမ်းတစ်နေရာမှာ မတ်တတ်ရပ်နေလို့… လူကြီးက ပြုံးရွှင်စွာနဲ့ ပြောလာခဲ့ပါပြီ…
“ဒီကျွန်းက မဆိုးလှပါဘူး… သာယာသားပဲ… မင်းရဲ့ မူလအမွှာက သမင်ဖမ်းကျွန်းမှာ ရှိနေပေမဲ့လည်း… မင်းရဲ့ မူလခန္ဓာက ဒီရောက်လာခဲ့တယ်ဆိုတော့.. ကြည့်ရတာ မင်းလအောက်ရေကန်ကနေ ထွက်လာနိုင်ခဲ့ပြီထင်တယ်။”