Chp 647 ( ဓားကိုနားလည်သွားခြင်း)

52 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 32
Chapter 647 (ဓားကို နားလည်သွားခြင်း)

အင်ပါရီယာ နတ်ဘုရား စင်းနဲ့ အင်ပါရီယာ နတ်ဘုရား မီဖန်းတို့ ပုခုံးချင်းယှဉ်လျှောက်လှမ်းလာပြီးတော့ အဝေးက တောင်ထိပ်တစ်ခုမှာ ရှိနေတဲ့ လှပတဲ့ အင်မော်တယ် နန်းတော်ကို စိုက်ကြည့်နေခဲ့ပါတယ်။

“ဒက်နော့က ရှစ်ဦးမြောက် အစောင့်အရှောက်အထိကိုပဲ အနိုင်ယူနိုင်ခဲ့တယ်။ နောက်ထပ်နှစ်ဦးက ပိုပြီးတော့ အစွမ်းထက်တယ်လေ။ အဲဒီအတွက် နှစ်ပေါင်းများစွာ ကြာမြင့်သွားမှာကိုပဲ ငါစိုးရိမ်မိတာ…”
မီဖန်းလည်း သက်ပြင်းချပြီး ပြောလိုက်ပါတယ်။ ဓားလမ်းကို သူအကြိမ်ပေါင်းများစွာ ကြိုးစားကျော်ဖြတ်ကြည့်ပြီးပြီလေ။ ဒါကြောင့်လည်း အစောင့်အရှောက် နှစ်ဦးတည်းကိုသာ ဖြတ်ကျော်ဖို့ ကျန်တော့တယ် ဆိုပေမဲ့လည်း ဒီနှစ်ဦးကို ကျော်ဖြတ်ဖို့ နှစ်သန်းပေါင်းများစွာ အချိန်ပေးရရင်လည်း ပေးရနိုင်တယ် မဟုတ်လား…

မဟာအိပ်မက်က ကီလိုစတားကျွန်းကို ရောက်ခဲ့ပြီးတော့ အစောင့်အရှောက်ငါးဦးကို ကျော်ဖြတ်နိုင်ခဲ့ပေမဲ့လည်း နှစ်ပေါင်းများစွာ ထပ်မံ အချိန်ပေးပြီးမှပဲ နောက်ထပ် နှစ်ဦးကို ထပ်ပြီး ကျော်ဖြတ်နိုင်ခဲ့တယ်လေ။ ဂျိနင် ရင်ဆိုင်ရတဲ့ နောက်ဆုံး နှစ်ဦးဟာလည်း အစွမ်းအထက်ဆုံးသော အစောင့်အရှောက်တွေ ဖြစ်နေခဲ့ပြီ မဟုတ်လား…

မီဖန်းနဲ့ စင်းတို့အတွက် အချိန်အများကြီး ကြာမြင့်ခဲ့ပေမဲ့လည်း တိုးတက်နှုန်းက အလွန်ကို နှေးကွေးခဲ့တယ်လေ။ သူတို့ ကီလိုစတားကျွန်းကို ပထမဆုံး စတင်ရောက်လာတဲ့ အချိန်ကစပြီး အခုအချိန်အထိကို နောက်ထပ် အစောင့်အရှောက် တစ်ဦးကိုပဲ ထပ်ပြီး ကျော်ဖြတ်နိုင်ခဲ့ပါသေးတယ်။

“ဒီလိုလည်း ဖြစ်ချင်မှ ဖြစ်မှာပါ…”
စင်းလည်း ခေါင်းကို ခါယမ်းလိုက်ပြီးတော့
“ငါတို့တွေ ကီလိုစတားကျွန်းကို ရောက်တာ အကြာကြီး ရှိခဲ့ပြီ ဖြစ်ပေမဲ့လည်း နည်းနည်းပဲ တိုးတက်ခဲ့တယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ အရှေ့ကျွန်းတွေမှာလည်း အချိန်အများကြီး ကုန်ခဲ့လို့ပေါ့… ငါတို့ရဲ့ တိုးတက်မှုကို ရနိုင်သလောက် ညှစ်ထုတ်ကြိုးစားခဲ့ကြပေမဲ့လည်း ငါတို့အတွက် အမြင့်ဆုံးသော တက်နိုင်တဲ့ အဆင့်အထိကို ရောက်နေခဲ့ကြပြီလေ။ ဒါကြောင့်လည်း နောက်ထပ်တိုးတက်ဖို့က မလွယ်တော့တာ…. ဒက်နော့က လအောက်ရေကန်ရဲ့ ကီလိုစတား ကျွန်းအထိကို တစ်ကြိမ်စီ ကြိုးစားခဲ့ရုံနဲ့ ရောက်ရှိလာခဲ့တယ်လေ။ သူ့မှာ အလားအလာအရမ်းရှိနေသေးတယ်။ ငါတို့ထက် အများကြီးသာတာပေါ့…. ဂျူမင်းကိုယ်တိုင်လည်း ရုတ်တရက်ဆိုသလို နောက်ဆုံးအစောင့်အရှောက် သုံးဦးလုံးကို တပြိုင်တည်း ကျော်ဖြတ်သွားနိုင်ခဲ့တာကိုလည်း မှတ်မိတယ်မဟုတ်လား… အဲဒါကလည်း လျှပ်တပြက် ရရှိလာခဲ့တဲ့ ဥာဏ်အလင်းကြောင့်ပဲလေ။”

ဂျိနင် Book 31 - Where stories live. Discover now