ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 32
Chapter 655 (တစ်ခုတည်းသော ခန္ဓာကိုယ်အမှန် ကျင့်စဉ်)“ရှင့်ရဲ့ ကိုယ်ပွားတစ်ခုက နှလုံးသား စိမ့်၀င်ခြင်း ကျင့်စဉ်ကို အသုံးပြုပြီးတော့ ဓားကို ချည်နှောင်ပေါင်းစည်းနေတဲ့အချိန်မှာပဲ တခြားကိုယ်ပွားတစ်ခု ဖြည်းဖြည်းချင်းနဲ့ ဒီကျင့်စဉ်တွေကို လေ့လာမှတ်သားထားလိုက်လို့ ရတယ်လေ။”
ရွှေသံချပ်ကာ၀တ် စစ်သူရဲမလေးက အကြံပေးလိုက်ပါတယ်။ဂျိနင်လည်း ခေါင်းညိတ်လိုက်တယ်လေ။
၀ှစ် ဝှစ်
၀တ်စုံဖြူ၀တ် လူငယ်လေး နှစ်ဦးဟာ ကျောက်စိမ်းဘုရားကျောင်း အထဲမှာ ပေါ်ထွက်လာခဲ့ပါပြီ။ တစ်ဦးကတော့ ဝါးစာလိပ်ပုံအရှေ့မှာ တိတ်ဆိတ်စွာရပ်နေလို့.. စာလိပ်တိုင်းကနေ အံ့မခန်း စွမ်းအင်အော်ရာအရှိန်အဝါတွေ ဖြာထွက်နေတယ်လေ။ တခြားကိုယ်ပွားတစ်ခုကတော့ နတ်ဘုရား ဓားအရှေ့မှာ ရှိနေတဲ့ ၀တ်ပြုထိုင်ဖုံနဲ့ တော်တော်နီနီးကို တိုးကပ်သွားပြီးတော့ ကြာပန်းသဏ္ဌန် ထိုင်ချလိုက်ပါတယ်။ တိတ်ဆိတ်စွာနဲ့ နှလုံးသား စိမ့်၀င်ခြင်း ကျင့်စဉ်ကို သူစတင်အသုံးချလိုက်ပြီလေ။
နှလုံးသား စိမ့်၀င်ခြင်း ကျင့်စဉ်က တေ်ာတေ်ာရိုးရှင်းပါတယ်။ ဒါပေမဲ့လည်း လိုအပ်ချက်တော့ သတ်မှတ်ထားသေးတယ်လေ။ တစ်ဦးအနေနဲ့ နှလုံးသားအင်အား အခြေခံလောက်ကို နားလည်ဖို့ လိုအပ်နေပါတယ်။
ကမ္ဘာ့နတ်ဘုရားကြီး နော့ရတ်က သူ့ရဲ့ အမွေဆက်ခံသူဟာ နှလုံးသားအင်အား အခြေခံလောက်တော့ နားလည်သပေါက်မယ်ဆိုတာကို သေချာသိခဲ့တာပါ။ ပြောရရင် လောကသုံးပါးရဲ့ တာအိုဖခင်ကြီးတွေ အစစ်အမှန် နတ်ဘုရားတွေ အများစုဟာ နှလုံးသား အင်အား အဆင့်နှစ် အဆင့်သုံးလောက်ကို ရောက်ခဲ့ကြပြီးသားပါ… အလွန်ကို အစွမ်းထက်ကြတဲ့ တန်ခိုးရှင် အားလုံးဟာလည်း နှလုံးသားအင်အားမှာပါ တော်တော်ကို ခရီးပေါက်နေကြပါပြီ။ ရတနာငါးပါး ဓားသိုင်းကို အောင်မြင်အောင်လေ့ကျင့်နိုင်ခဲ့တဲ့ လူအားလုံးဟာ နှလုံးသားအင်အားကို အဆင့်တစ်ခုအထိ ရောက်နေကြတာကတော့ ကျိန်းသေပါတယ်။
ESTÁS LEYENDO
ဂျိနင် Book 31 -
Ficción históricaIt's a work of Dr Panda. I published it just for me.