ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 36
Chapter 721 (ပျက်စီးမှုများ)“ခက်တာက နွီဝါးထွက်ခွာသွားခဲ့ပြီ....”
“မိစ္ဆာနှလုံးသားလည်း မိုးကောင်းကင်တာအိုနဲ့ ပေါင်းစည်းသွားခဲ့တယ်။”
ဖူရှီလည်း ခေါင်းကို ခါယမ်းလိုက်ပြီးတော့
“ငါကိုယ်တိုင်လည်း ဖျက်ဆီးခြင်း တာအိုကို နားလည်အောင်မြင်တဲ့ အကြီးအကဲ နတ်ဘုရား တစ်ဦးအနေနဲ့ မွေးဖွားလာခဲ့တာ.. ငါ့ကိုယ်ငါ ပြန်လည်မွေးဖွားခြင်း စက်၀န်းထဲ ၀င်စေခဲ့တယ်။ ငါ့အနေနဲ့ အသက်ဓာတ် မိုးကောင်းကင်တာအိုကို မအောင်မြင်မချင်း အတိတ်ဘ၀ရဲ့ မှတ်ဥာဏ်တွေ အစွမ်းတွေကို ပြန်ရရှိလိမ့်မယ် မဟုတ်ဘူး..”
ဖူရှီလည်း စိတ်ပျက်စွာ သက်ပြင်းကို ချလိုက်ပါတယ်။
“အခု မိုးကောင်းကင်တာအို နှစ်ခုကို ငါနားလည်အောင်မြင်ထားခဲ့ပြီ… ယင်မိုးကောင်းကင် တာအိုနဲ့ ယန်မိုးကောင်းကင် တာအိုပဲ… ဒါပေမဲ့လည်း အသက်ဓာတ်မိုးကောင်းကင် တာအိုကို ငါမအောင်မြင်နိုင်ဘူး ဖြစ်နေခဲ့တယ်။ ဒါကြောင့်လည်း အစစ်အမှန် နတ်ဘုရားအဆင့်မှာ ငါတန့်ရပ်နေခဲ့တာပေါ့…”“လောကသုံးပါးမှာတော့ အားလုံးသိထားကြတဲ့ အကြီးအကဲ နတ်ဘုရား တစ်ဦးပဲ ရှိတော့တယ်။ သူကတော့ အက်ကြောင်းမဲ့ဂိတ်ရဲ့ အရာအားလုံးသခင်ကြီးပဲ…”
“ဒက်နော့.. မင်းက အခုဆိုရင်သက္ကဂ္ဂထာရဲ့ နတ်ဘုရား သိုင်းပညာနဲ့ အဆင့်တူတဲ့ အကာအကွယ် နတ်ဘုရား သိုင်းပညာကို ရရှိလာခဲ့ပြီ…”
ဖူရှီလည်း ဂျိနင်ကို ကြည့်လိုက်ပြီး
“မင်းရဲ့ ဓားသိုင်းက ဂြိုဟ်သားကျူးကျော်သူကို ရင်ဆိုင်တိုက်ခိုက်နိုင်လောက်အောင် အစွမ်းထက်လာခဲ့ပြီ... မင်းရဲ့ အစွမ်းနဲ့ဆိုရင် လောကသုံးပါးမှာ မင်းကြောက်ရမဲ့လူ တစ်ဦးမှ မရှိတော့ဘူး… ငါတို့အတွက် ဒီလို အစွမ်းထက်တဲ့ စစ်သူရဲ တစ်ဦး ထပ်တိုးလာတာ ဘယ်လောက်တောင် ကောင်းလိုက်သလဲ…”သက္ကဂ္ဂထာလည်း နင်ကို ပြုံးပြီး ကြည့်နေခဲ့ပါတယ်။ သူ့ရဲ့ ဓမ္မကိုယ်ပွား နှစ်ခု ဆုံးရှုံးသွားခဲ့ရပေမဲ့လည်း… ဂျိနင် ဒီလောက်အစွမ်းထက်နေတာကို မြင်လိုက်ရတော့ အရမ်းကို ၀မ်းသာနေခဲ့မိပြီလေ…