ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 34
Chapter 698 (ငါတို့ ကာကွယ်ပေးတဲ့ သူတွေ…)“ကမ္ဘာဦး အပျက်အစီး ကမ္ဘာက ဂြိုဟ်သား ကျူးကျော်သူ အားလုံးကို ခြေမှုန်းပစ်မယ်…”
ဂျိနင် စိုးရိမ်ပူပန်သွားမိခဲ့ပါတယ်။
“ဒီလို တစ်ကယ်ပဲ ဆောင်ရွက်နိုင်လို့လား ဆရာ…”“အခု သူတို့က အက်ကြောင်းမဲ့ဂိတ်နဲ့ ပူးပေါင်းသွားခဲ့ပြီလေ… ဒါကြောင့် သေချာတော့ မပြောနိုင်သေးဘူး…”
ရွှီးဖူတိ စကားဆက်လိုက်ပါတယ်။
“ဒါပေမဲ့ ဆရာတို့ လွှတ်လိုက်တဲ့ မဟာအင်အားစုတွေက ဖူရှီနဲ့ သက္ကဂ္ဂထာတို့ ခေါင်းဆောင်ခဲ့တာဆိုတော့…”“ဖူရှီက ၀င်္ကပါ ပညာရှင်ပဲ.. ရန်သူတွေကို တားဆီးတာမှာ အစွမ်းထက်တယ်။ ဗုဒ္ဓသက္ကဂ္ဂထာကတော့ ခုခံကာကွယ်မှု ပညာရပ်မှာ အစွမ်းထက်တာကြောင့် အန္တရာယ်များတဲ့ အခြေအနေကိုတောင် ရင်ဆိုင်ဖြေရှင်းနိုင်စွမ်း ရှိပြီးသားလေ.. သူတို့က စစ်ဆင်ရေး အင်အားစုကို ခေါင်းဆောင်သွားခဲ့တာဆိုတော့.. ထင်မှတ်မထားတာ ဖြစ်ခဲ့ရင်တောင်မှပဲ.. သူတို့တွေ အချိန်တေ်ာတော်ကြာအောင် တောင့်ခံထားနိုင်လိမ့်မယ်။ စစ်ကူရောက်လာတဲ့အထိ တောင့်ခံထားနိုင်မှာပေါ့..”
နင်လည်း တော်တော်ကို စိတ်သက်သာရာ ရသွားခဲ့ပါပြီ..
ဖူရီဟာ လောကသုံးပါးရဲ့ နံပါတ်တစ် ၀င်္ကပါ ပညာရှင်ပါ…
သက္ကဂ္ဂထာရဲ့ နတ်ဘုရား ခန္ဓာကိုယ်ဟာလည်း မဟာပုဂ္ဂိုလ်ကြီးတွေ အားလုံးထဲမှာ အမာကျောဆုံးပဲလေ…
“သူတို့က ဒီစစ်ဆင်ရေးမှာ တာအိုဖခင်ကြီးဆယ့်ကိုးဦးကို ခေါင်းဆောင်ပြီးတော့ ထွက်ခွာသွားခဲ့တာ.. လက်ရွေးစင်တာအိုဖခင်ကြီးတွေ သာမန် တာအိုဖခင်ကြီးတွေ အပါအ၀င်ပေါ့…”
ရွှီးဖူတိ စကားဆက်လိုက်ပါတယ်။
“သူတို့အားလုံးက တပ်ဖွဲ့လေးခု ခွဲပြီးတော့ တညီတညွတ်တည်း လှုပ်ရှားကြလိမ့်မယ်။ တပ်ဖွဲ့လေးခုလုံးဟာ ကမ္ဘာတစ်ခုတည်းကိုပဲ တပြိုင်တည်း ၀င်ရောက်တိုက်ခိုက်ကြမှာလေ…“ကမ္ဘာတစ်ခုတည်း…”
နင်နားမလည်နိုင်အောင် ဖြစ်သွားခဲ့ပါတယ်။
KAMU SEDANG MEMBACA
ဂျိနင် Book 31 -
Fiksi SejarahIt's a work of Dr Panda. I published it just for me.