Chp 651 ( လွှဲပြောင်းပေးခြင်း)

46 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 32
Chapter 651 (လွှဲပြောင်းပေးခြင်း)

အဇူရာအလင်းရောင်ပိုးအိမ်လုံးထဲ ရောက်ရှိသွားပြီဖြစ်တဲ့ ဂျိနင်ဟာ မျက်လုံးကို မှိတ်လို့ထားလိုက်ပါပြီ။ သူဟာ အိပ်ပျော်နေတဲ့အလား… အံ့မခန်း ဆန်းကြယ်လွန်းတဲ့ အင်အားကြီးဟာ နင့်ရဲ့ စိတ်ဝိညာဉ်ဆီကို တဆင့်စီးဆင်း၀င်ရောက်လာနေလို့…

“ငါ့ရဲ့ အသက်ကို တိုင်တည်ပြီးတော့ သစ္စာဆိုပါတယ်။ အကြီးအကဲ နတ်ဘုရားဖြစ်ပြီးနောက် နှစ်ပေါင်းတစ်ထောင်အတွင်းမှာပဲ လောကသုံးပါးကနေ ထွက်ခွာသွားပါ့မယ်။ ကျယ်ပြောသော ကောင်းကင်ဘုံ နန်းတော်ဆီကို ပျက်စီးခြင်း စက်၀န်းတစ်ခုအတွင်းမှာ ရောက်အောင်သွားပြီးတော့ ကျယ်ပြောသော ကောင်းကင်ဘုံရဲ့ ကြိုဆိုသူကို ကမ္ဘာ့နတ်ဘုရား နော့ရတ်ဟာ ဝူကျောင်း နတ်ဘုရားသားရဲ သုံးကောင် သတ်လို့ သေသွားကြောင်းကို သတင်းသွားပို့ပေးပါ့မယ်။”
နင့်ရဲ့ စိတ်ဝိညာဉ်ဟာ သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိမနေတော့ပါဘူး။ နောက်ထပ် အသက်သွေးသစ္စာတစ်ခုကို ထပ်မံကျိန်ဆိုလိုက်ရပြီလေ။

ဒီမှာပဲ နင်တော်တော်ကို စိတ်တိုသွားခဲ့ပါတယ်။ ဒီလို အတင်းအကျပ် အသက်သွေးသစ္စာဆိုခိုင်းခံရတာဟာ တော်တေ်ာကို ဆိုးရွားလွန်းတဲ့ အနိုင်ကျင့်မှုပဲလေ။

ဒါပေမဲ့လည်း လအောက်ရေကန်ကို တည်ဆောက်ခဲ့တဲ့ နောက်ကွယ်က အကြောင်းရင်းကိုတော့ နင်လုံး၀ သဘောပေါက်သွားခဲ့ပါပြီ။

“ကမ္ဘာ့နတ်ဘုရား..”
နင်ပြုံးလိုက်ပြီးတော့
“လအောက်ရေကန်ကို တည်ဆောက်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးက ကမ္ဘာ့နတ်ဘုရားကိုး..  ဒါပေမဲ့ သူက သေသွားပြီထင်တယ်။”

“ဒီအသက်သွေးသစ္စာကလည်း မဆိုးလှပါဘူးလေ။ ငါ့အနေနဲ့ အကြီးအကဲ နတ်ဘုရားကြီး ဖြစ်လာပြီး နှစ်ပေါင်း တစ်ထောင်အတွင်းမှာမှ ထွက်ခွာသွားရမှာ မဟုတ်လား.. ဒါပေမဲ့လည်း အဲဒီအဆင့်ကို ရောက်ဖို့ အဝေးကြီးလိုနေသေးတာကို… အင်း..ပြီးရင်တော့ ပျက်စီးခြင်း စက်၀န်းတစ်ခုအတွင်းမှာ ကျယ်ပြောသောကောင်းကင်ဘုံ နန်းတော်ကို ရှာဖွေပေးရမယ်။ ဒါပေမဲ့ အဲဒါက ဘယ်နေရာမှာရှိနေတာလဲ… အဲဒီနန်းတော်ကကော ဘယ်လိုမျိုးလဲ..”
နင်နားမလည်နိုင်အောင် ဖြစ်လို့နေခဲ့ပါတယ်။

ဂျိနင် Book 31 - Donde viven las historias. Descúbrelo ahora