Chp 643 ( စိမ့်ဝင်ခြင်း)

39 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 32
Chapter 643 (စိမ့်၀င်ခြင်း)

နေ့တစ်၀က်လောက် အကြာမှာတော့..

၀တ်စုံဖြူ၀တ်လူငယ်လေးဟာ ပန်းပင်အချို့ တစ်ဖက်တစ်ချက်မှာ ရှိလို့နေတဲ့ လမ်းလေးတစ်ခုမှာ လျှောက်နေလို့…

“အဲ…”
ရုတ်တရက်ဆိုသလိုပဲ ဗလတောင့်တောင့် ရွှေရောင်ချပ်၀တ်တန်ဆာနဲ့ လူကြီးတစ်ဦး ပေါ်ထွက်လာခဲ့ပါပြီ။ လူကြီးက ရယ်မောရင်းနဲ့
“ကျွန်တော့်နာမည်က တုံဂီပါ… ရောင်းရင်းက ဘယ်သူပါလိမ့်…”
သူတော်တော် စိတ်၀င်စားနေခဲ့ပါတယ်။ ကီလို စတားကျွန်းပေါ်က အင်ပါရီယာ နတ်ဘုရားအားလုံးကို သူသိထားတယ် မဟုတ်လား…

“အင်ပါရီယာ နတ်ဘုရား တုံဂီ…”
နင်လည်း ရယ်မောလိုက်ပြီးတော့
“ကျွန်တော့် နာမည်က ဒက်နော့ပါ.. ကီလိုစတားကျွန်းကို အခုပဲ ရောက်လာခဲ့တာလေ။”

“ရောက်လာခဲ့တာလား… ဒါကြောင့်လည်း ထူးဆန်းနေတာကိုး…. ကီလိုစတားကျွန်းပေါ်က အင်ပါရီယာနတ်ဘုရားအားလုံးကိုလည်း ကျွန်တော်သိပါတယ်လို့…”
တုံဂီလည်း အားရပါးရ ရယ်မောလိုက်ပြီး
“လောကသုံးပါးမှာ ရှိရှိသမျှ အင်ပါရီယာ နတ်ဘုရားတွေကိုလည်း ကျွန်တော် သိတယ်လေ။ ဒါပေမဲ့လည်း ညီလးအကြောင်းကို တစ်ခါမှာ မကြားဖူးခဲ့ဘူး… ကြည့်ရတာ ညီလေးက လွန်ခဲ့တဲ့ နှစ်ပေါင်းဆယ်သန်း ဒါမှမဟုတ် သန်းအနည်းငယ်လောက်တုန်းကမှ အဆင့်တက်လာခဲ့တာ ဖြစ်လိမ့်မယ်။ ညီလေးက တစ်ဦးတည်းပဲလား.. နတ်ဆိုးဖြတ်လမ်းကို ညီလေးအောင်မြင်သွားခဲ့တာလား…”

“အမှန်ပဲပေါ့..”
နင်လည်း ခေါင်းညိတ်လိုက်ပါတော့တယ်။

“လာ… လာ… အစ်ကိုကြီးလည်း အင်ပါရီယာ နတ်ဘုရား မဟာအိပ်မက်နဲ့ မိတ်ဆက်ပေးဦးမယ်။”0
တုံဂီလည်း တေ်ာတေ်ာကို ၀မ်းသာနေပုံရပါတယ်။

“အင်ပါရီယာ နတ်ဘုရား မဟာအိပ်မက်…”
နင်နားမလည်နိုင် ဖြစ်သွားပုံပါ…

တုံဂီက ရယ်မောလိုက်ပြီးတော့
“မဟာအိပ်မက်ဆိုတာကလည်း ကိုယ့်အားကိုယ်ကိုးပြီးတော့ နတ်ဆိုးဖြတ်လမ်းကို ကျော်ဖြတ်လာနိုင်ခဲ့သူလေ။ သူကလည်း တော်တော် အစွမ်းထက်တယ်။”
နင်လည်း စကာတပြောပြောနဲ့ လျှောက်လာခဲ့ပါတယ်။ ဒီနေရာမှာတော့ နင်က ဘာမှကို မသိတဲ့ပုံစံဖမ်းထားခဲ့တယ်လေ။

ဂျိနင် Book 31 - Donde viven las historias. Descúbrelo ahora