ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 35
Chapter 709 (ရွှီးဖူတိနဲ့ ယွမ်အဘိုးအို)လောကသုံးပါးရဲ့ ကလန်အားလုံးနန်းတော်…
ဒေါင်းမလေးယဉ်ဟာ ရှိနေတဲ့ မဟာပုဂ္ဂိုလ်ကြီးတွေအားလုံးကို အကျဉ်းချုံး ပြောပြနေခဲ့ပါတယ်။
“ကျွန်မတို့တွေ ကမ္ဘာ့ညည်းသံတောင်ထဲမှာပိတ်မိနေခဲ့ကြတယ်။ လုဝူကော လေကံကြမ္မာကော နှစ်ဦးလုံး အကြီးအကျယ် ဒဏ်ရာ ရနေခဲ့ကြပြီ… ကျွန်မတို့တွေ နောက်ဆုံးအချိန်ကို ရောက်လုလုမှာပဲ…. ဒက်နော့… တာအိုရောင်းရင်း ဒက်နော့ဟာ ကျွန်မတို့ ၀င်္ကပါရဲ့ အလယ်ဗဟိုမှာ နေရင်းနဲ့ အရာရာကို သေချာစစ်ဆေးသုံးသပ်နိုင်ခဲ့တယ်။ ကမ္ဘာ့ညည်းသံတောင်ရဲ့ ပုံရိပ်ယောင်တွေကို ဖြတ်ကျော်ပြီးတော့ အမှန်တရားကို သူမြင်တွေ့နိုင်ခဲ့တယ်။ သူက ၀င်္ကပါရဲ့ အလယ်ဗဟိုကနေ ထွက်လာခဲ့ပြီးတော့ ကမ္ဘာ့ညည်းသံတောင်ရဲ့ မမြင်တွေ့ရတဲ့ တိုက်ခိုက်မှုတွေ တော်တော်များများကို ခုခံကာကွယ်ခဲ့တယ်လေ။ ပြီးတော့ ကျွန်မတို့အားလုံးကိုလည်း အပြင်ရောက်အောင် ကယ်ထုတ် ခေါ်ဆောင်သွားနိုင်ခဲ့တယ်။”“ဒီတိုက်ခိုက်မှုတွေကို သူက တားဆီးနိုင်ခဲ့တယ်လား..”
မဟာမိုးကြိုး နတ်ဘုရားကြီး လှမ်းမေးမြန်းလိုက်ပါတယ်။
“ဒေါင်းမလေးယဉ်… ကမ္ဘာ့ညည်းသံတောင်ရဲ့ တိုက်ခိုက်မှုတွေက အရမ်းကိုပြင်းထန်တယ်လို့ မင်းပြောခဲ့တာ မဟုတ်ဘူးလား… ဘုရင်မရှီတောင်မှ ဒီတိုက်ခိုက်မှုတွေကို ကာကွယ်နိုင်တယ်ဆိုရုံ ကာကွယ်နိုင်ခဲ့တာဆို… အကာအကွယ်၀င်္ကပါ ရှိနေသေးပေမဲ့ သူမတောင် ဒဏ်ရာရခဲ့ရတယ် မဟုတ်လား… ဂျိနင်က ၀င်္ကပါအပြင်ကို ထွက်လာခဲ့ပြီးတော့ ဒီတိုက်ခိုက်မှုတွေကို ခုခံကာကွယ်နိုင်ခဲ့တယ်လား…”“အမှန်ပါပဲရှင်…”
ဒေါင်းမလေး ယဉ်လည်း ခေါင်းညိတ်လိုက်ပါတယ်။ သူမရဲ့ မျက်နှာဟာ ကြည်လင်ရွှင်ပြုံးနေလို့…
“တာအိုရောင်းရင်း ဒက်နော့က မိုးနဲ့မြေကို ပန်ဂုတည်ဆောက်ခဲ့တဲ့အချိန်က စပြီး အခုအချိန်အထိကို နှစ်ဦးမရှိနိုင်တဲ့ ပြိုင်စံရှားတဲ့ ပါရမီ ရှင်ပဲလေ… သူက ဓားအင်အား အဆင့်ငါးကို ရောက်ရှိသွားခဲ့ပြီ..”
VOCÊ ESTÁ LENDO
ဂျိနင် Book 31 -
Ficção HistóricaIt's a work of Dr Panda. I published it just for me.