Chp 678 ( အရာအားလုံးတမန်တော်ကို ချည်နှောင်ပေါင်းစည်းခြင်း)

41 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 33
Chapter 678 (အရာအားလုံး တမန်တော်ကို ချည်နှောင်ပေါင်းစည်းခြင်း)

ရတနာငါးပါး ဓားသိုင်းကို အောင်မြင်သွားခဲ့ပြီဖြစ်တာကြောင့်.. တခြားတာအိုတွေကို ကျင့်ကြံအားထုတ်ရာမှာ အောင်မြင်မှုနှုန်း ပိုမိုမြန်ဆန်ခဲ့ပါပြီ.. ဒါပေမဲ့လည်း ရတနာငါးပါး ဓားသိုင်းကို မအောင်မြင်ပဲ အဆင့်တန့်နေခဲ့တဲ့ မဟာပုဂ္ဂိုလ်ကြီးတွေကတော့ တခြားတာအိုတွေကိုလည်း ကျင့်ကြံအားထုတ်မရပဲ တစ်နေခဲ့ကြတယ်လေ။ ဒီအခြေအနေက အရမ်းကို ဆိုးရွားလှတဲ့ အခြေအနေပါ…  နင့်အနေနဲ့ အခုလို ရင်းခဲ့ရတဲ့ အကြောင်းရင်းလည်း တခြားတာအိုတွေမှာ သူ့ရဲ့ နားလည်သဘောပေါက်မှုက အရမ်းကို မြင့်မားခြင်း မ၇ှိခဲ့လို့ပဲလေ။

နင့်ရဲ့ အင်မော်တယ် နန်းတော်မှော်ရတနာအတွင်းမှာ…

၀တ်စုံနက်၀တ် ဂျိနင်ဟာ သူ့ရဲ့လက်ကို ဝှေ့ယမ်းလိုက်ပါတယ်။ အရက်အိုးတစ်လုံး ပေါ်လာခဲ့ပြီလေ။ အရက်အိုးကို ကြည့်ပြီးတော့ သူတိုးတိုးလေး ရေရွတ်လိုက်ပါတယ်။
“တမန်တော်ကို ချည်နှောင်ပေါင်းစည်းဖို့ အချိန်တန်ပြီ…”

အရက်အိုး အဖုံးကို  သူဆွဲဖွင့်လိုက်ပါပြီ… ပြီးတာနဲ့ မီးလျှံတွေ လောင်ကျွမ်းနေတဲ့ မျောက်ဝံအသွင် အရာအားလုံး တမန်တေ်ာကို သူဆွဲထုတ်လိုက်ပါပြီ… အရာအားလုံးတမန်တော်ဟာ မူလကြယ်တာရာ ဝိညာဉ်မှော်၇တနာကြိုးနဲ့ ချည်နှောင်ခြင်းခံထားရလို့ မြေပြင်ထက် လဲကျနေခဲ့တယ်လေ။

တမန်တော်ဟာ မျက်လုံးကို ဖွင့်ကြည့်လိုက်ပါတယ်။ ဂျိနင်ကို မြင်လိုက်တော့ ဒေါသတကြီးနဲ့ ပြောလာခဲ့ပါပြီ…
“မင်းက ငါ့ကို ဖမ်းခဲ့တယ်။ ဒါပေမဲ့လည်း တမန်တေ်ာကို ရဖို့တော့ စဉ်းစားမနေနဲ့…”

“အဲလိုလား…”
အနက်ရောင်နင်က အေးစက်စက်လေသံနဲ့ ပြောလိုက်ပါတယ်။

“မင်းငါ့ကို ကြိုးအထပ်ထပ် ချည်နှောင်ထားတော့ကော ဘာလုပ်လို့ ရမှာလဲ… မင်းအနေနဲ့ အထဲကိုမှ မ၀င်နိုင်တာ…”
တမန်တော် အော်ဟစ်နေခဲ့ပါတယ်။
“ပြီးတော့ ဒီဂိုလမ်ကိုလည်း မင်းထိခိုက်အောင် မလုပ်နိုင်ဘူးလေ။ မင်းမဆိုနဲ့… လောကသုံးပါးရဲ့ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်တွေတောင် တမန်တေ်ာကို ထိခိုက်အောင် မလုပ်နိုင်ဘူးကွ…”

ဂျိနင် Book 31 - Where stories live. Discover now