Unicode
အတာတို့ဒေါ်သူဇာ့ကိုဖွင့်ပြောပြီး
နောက်ပိုင်းပုံမှန်လည်ပတ်နေကျ
အတိုင်းလည်ပတ်နေဆဲဖြစ်သည်
အလုပ်မှာတော့သူတို့ရဲ့ပတ်သတ်
မှုကိုဖုံးကွယ်ထားတုန်းဖြစ်သည်
အားလပ်ချိန်ဒါမှမဟုတ်လူလစ်
ချိန်တွေမှာခိုးတွေ့နေရတာကို
အတာနဲ့ဘုန်းမြတ်ကပိုလို့ရင်
ခုန်ဖွယ်ဖြစ်နေသည်
အတာဒီဇိုင်းဌာနရောက်ပြီးနောက်
ပိုင်းအတာကဘုန်းမြတ်ထက်
ပိုနမည်ကြီးလာသည်
ဘုန်းမြတ်ကသူဌေးပီပီအနေတည်
ပြီးလူတကာနဲ့သိပ်မရောနှောပါအတာကတော့ဌာနတိုင်းကသူများ
နဲ့ခင်သည်
စီနီယာတွေကိုရိုသေပြီးအလိုက်
အသင့်လေးဆက်ဆံတက်လို့
စီနီယာတိုင်းရဲ့ချစ်ခင်မှုကိုရသည်
မိန်းကလေးတိုင်းရဲ့လက်တွဲဖော်
ဆိုရင်ဘုန်းမြတ်လို့တွေးကြပေ
မယ့်အတာ့ကိုဆိုသူတို့ချစ်သူ
ကောင်လေးတစ်ယောက်ဖြစ်
စေချင်ကြသည်
အတာအလုပ်လုပ်ရတာပျော်လာ
သည်
ငယ်စဥ်ကတည်းကအပေါင်းအဖော်
မရှိအထီးကျန်စွာကြီးပြင်းလာသည့်
အတာ့အတွက်တော့အလုပ်က
စီနီယာများကတကယ်ကိုခင်စရာ
ကောင်းသည်"ဟဲ့နွေဦးbossနမည်တွေကြီးနေတယ်
နော်""ဘာကိုလဲ"
"ငါ့တို့အလုပ်ကမေသူဆိုတဲ့မိန်းကလေး
ကိုသိလား""ဘယ်သူလဲ"
"ဟာ....ငါ့တို့အလုပ်ကအလှပဂေးလေ
နင်တော်တော်တုံးတာဘဲ
သူကနင့်လိုနိုင်ငံခြားမှာဘွဲ့ယူလာတာ
အရမ်းချောစတိုင်ကျ
ပြီးတော့ရှယ်ယာဝင်သူဌေးမလေး
Bossပြီးရင်သူကအာဏာအကြီးဆုံး""အဲ့တော့"
"နင်ကောလဟာလမကြားဘူးလား"
"ကောလဟာလပါဆိုကတည်းက
စိတ်ကိုမဝင်စားတာ"(အေးရော)"နင်မယုံလည်းငါပြောပြချင်တယ်ဟာ
သူနဲ့bossကsilent lover တွေ""What!!!!"
"ဖြေးဖြေးအော်ပါဟဲ့"
"နင်ဘယ်ကကြားလာတာလဲအဲ့
ဒါတွေလိုက်မယုံနဲ့ bossရဲ့ရည်းစား
ကသူမဟုတ်ဘူး""နင်ကဘယ်လိုသိလဲ"
"ဘယ်လိုသိသိလိုက်မယုံနဲ့"
![](https://img.wattpad.com/cover/218433401-288-k523814.jpg)
YOU ARE READING
Atar
Romanceဆိုးပါအရာရာကိုအချစ်နဲ့နားလည်ခွင့်လွှတ်ပေးမှာမို့ဆိုးပါတစ်ခုဘဲကိုယ့်နှလုံးသားကိုတော့မရက်စက်ပါနဲ့ ဘုန်းမြတ် ချစ်တယ်ကျွန်တော်ကအချစ်ကိုဖွင့်မပြောတက်ပေမယ့်ကွ်ျန်တော်ခင်ဗျားကိုသေလောက်အောင်ချစ်တယ်ဆိုတာတော့သိထားပေးပါ ...