part 20

328 20 0
                                    

Unicode

အပြန်အလှန်သဝန်တိုကြမယ်

"အားလုံးကဒီရောက်နေကြတာဘဲ"

အသံလာရာကိုအားလုံးမော့ကြည့်
လိုက်ချင်ဘုန်းမြတ်နဲ့သူတို့အလုပ်
မှလူကြီးတစ်ချို့
အတာ ဘုန်းမြတ်ကိုအံ့သြတကြီး
ကြည့်နေချိန်ဂျာကြီးက

"Bossကဒီရောက်နေတာလား"

"ဟုတ်တယ်ဒီဆိုင်မှာညစာလာ
စားကြတာ"

လူကြီးအချို့နှုတ်ဆက်ပြီးပြန်သွား
ကြသည်
ဘုန်းမြတ်ကတော့မပြန်သေးဘဲထို
နေရာမှာရပ်ကျန်နေခဲ့သည်
အတာ ဘုန်းမြတ်ပေါ်အာရုံရောက်
နေတုံးဘေးမှမိန်းကလေးအသံ
ကြောင့်အတာထိုမိန်းကလေးပေါ်
အကြည့်ပြန်ရောက်သွားသည်
ထိုမိန်းကလေးကမနက်ဘုန်းမြတ်
အခန်းရှေ့မှာတွေ့ခဲ့တဲ့မိန်းကလေး
ဖြစ်သည်

"မေပြန်တော့မလားအစ်ကိုသူတို့
နဲ့ထပ်နေမလို့"

"မပြန်သေးဘူးဘုန်း မေ​လည်းသူတို့နဲ့
ပျော်ချင်သေးတယ်"

WTFမေ ကိုကိုကသူ့ကိုမေလို့ခေါ်
တယ် ဒီလောက်သူတို့နှစ်ယောက်
အကြောင်းကောလဟာလတွေ
ထွက်နေတာကိုမသိဘူးလား
မေတွေဘုန်းတွေလုပ်နေတယ်
ဒီလူကြီးတော့တွေ့တော့မယ်
အတာအတွေးတွေထဲနစ်နေတုန်း
ဂျာကြီးအသံကြားမှအသိဝင်မိသည်

"နွေဦးထပေးလိုက်လေ"

"အာ...ဟုတ်...ထိုင်ပါboss"

အတာထဖို့လုပ်ပေမယ့်အတာပုခုံး
ကိုဘုန်းမြတ်ဖိထားတာကြောင့်
အတာထမရ
အတာမော့ကြည့်လိုက်တော့
ဘုန်းမြတ်မျက်လုံးများကဘေးက
ဖူးပွင့်စီရောက်နေသည်
ဖူးပွင့်လည်းအထာပေါက်သွား
ကာသူနဲ့သူ့ဘေးမှလှလှနဲ့နေရာ
ဖယ်ပေးလိုက်သည်

"Sorry မိန်းကလေးဘေးမှာထိုင်ရ
တာသိပ်အဆင်မပြေလို့"

အတာမျက်နာကြီးတစ်ခုလုံးမည်း
သွားသည်
သူ့ဘေးကမေသူဆိုတဲ့မိန်းမက
မိန်းကလေးမဟုတ်ဘူးလား
ဘုန်းမြတ်ကသာမန်ပြောလိုက်ပေ
မယ့်ဝိုင်းကလူတွေအားလုံးကတော့

သူရည်းစားဘေးမှာထိုင်တာကျ
အဆင်ပြေတယ်ပေါ့

ဘုန်းမြတ်ဘေးကအကင်တွေတစ်
ခုပြီးတစ်ခုပါးစပ်ထဲပလုတ်ပလောင်း
စားနေတဲ့အတာ့ကိုသေချာကြည့်
နေမိသည်
သူတို့ဝိုင်းကချက်ချင်းဆိုသလိုတိတ်
ဆိတ်သွားသည်
အခြားအကြောင်းမဟုတ်ဘေးမှာ
လာထိုင်နေသောbossဘုန်းမြတ်
ကြောင့်ဖြစ်သည်
ဂျာကြီးကထိုအခြေအနေကိုဖြိုခွင်း
လိုက်သည်

Atar Where stories live. Discover now