part 24

293 19 0
                                    

Unicode

အတာတို့အဝတ်အစားတွေသိမ်းနေရသည်။
မနက်ဖန်မနက်လေယာဥ်နဲ့ပြန်ရမှာမည်။
အတာမပြန်ချင်သေးပါ။
ဒါပေမယ့်လည်းပြန်ရတော့မည်မဟုတ်လား။

ဘုန်းမြတ် အတာ့အဝတ်အစားတွေပါသေချာ
ခေါက်သိမ်းပေးနေရသည်။
အတာကတော့မပြန်ချင်ဘူးဆိုကာအိပ်ယာပေါ်
မှောက်အိပ်ပြီးစိတ်ဆိုးနေသည်။

ဘုန်းမြတ်လည်းမပြန်ချင်သေးပါ။
ဒါပေမယ့်ဟိုမှာကလုပ်စရာတွေရှိနေသေးသည်။
၃လပိုင်းကုန်အလုပ်တွေအကုန်ပြီးအောင်လုပ်
ကြရမည်။

သင်ကြန်ရောက်တော့မှာမို့နှစ်စဥ်ဝန်ထမ်း
တွေကိုခရီးစဥ်အနေနဲ့သူတို့သွားချင်တဲ့
နေရာကိုလိုက်ပို့ပေးသည်။
ဝန်ထမ်းတွေလည်းနားရပ်မှာပျော်စရာ
တစ်ခုခုတော့လုပ်သင့်တာပေါ့

ဘုန်းမြတ်အိပ်ယာပေါ်ကအတာ့ကိုလှန်း
ကြည့်ပြီးသက်ပြင်းချမိသည်။
အခုမှသတိရတယ်အရင်လက v-dayမှာ
တုန်းကလည်းအဲ့လိုဖြစ်ခဲ့ဖူးတယ်။
အဲ့တုန်းကတော်တော်ချော့လိုက်ရသေး
တယ်။
.....................
V-day

"ချောကလပ်စားချင်တယ်"

"စားချင်တာစားပေါ့"

"နင်ကောမရဘူးလား"

"ဘာရမှာလဲ"

"ဒီနေ့v-dayလေဟာ"

အတာ ဖူးပွင့်ပြောမှသတိရသွားသည်။
ဟုတ်သားဒီနေ့ကV-dayဘဲ

အတာphoneထုတ်လိုက်ပြီးmessag
ကိုနှိပ်လိုက်ကာ

"ကိုကို ဘာလုပ်နေလဲ"

Notiတက်လာတဲ့phoneကိုဘုန်းမြတ်
ယူကြည့်လိုက်တော့ ငယ်ဆိုတဲ့
Contact ကလေးကြောင့်ပြုံးမိသည်။
"ကိုကိုဘာလုပ်နေလဲ"တဲ့ ရှက်နေတဲ့
Emojiလေးနဲ့

ဘုန်းမြတ်လက်တွေ keyboardပေါ်
ရောက်သွားကာ

"အလုပ်လုပ်နေတယ်"

"ကိုကိုအပြင်ထွက်ကြည့်ပါအုံး ဘာတွေ
ထူးခြားနေလဲလို့"

"ဘာမှမထူးခြားပါဘူး"

အတာဒူနေတဲ့ဒီလူကြီးကြောင့်စိတ်ကို
အတော်လေးထိန်းထားရသည်။

"ဒီနေ့ဘာနေ့လဲ"

"သောကြာလေ"

ဒီလူကြီး calendar မကြည့်ဘူးလား

Atar Where stories live. Discover now