အခန်း(၆)

197 6 0
                                    

(လက်ရည်တပြင်တည်းထမင်းဝိုင်း)

မိုးနဂါးတက္ကသိုလ်သို့စရောက်ကတည်းက
ရုပ်ဆိုးမင်းသားလေးစတင်လုပ်ဆောင်ခဲ့သည့်အလုပ်မှာအတိုင်းတိုင်းအပြည်ပြည်မှမင်းသားများကိုစောင့်ကြည့်လေ့လာခြင်းပင်ဖြစ်သည်။

နောင်တစ်ချိန်တွင်နိုင်ငံ၏အရှင်သခင်ပဒေသ
ရာဇ်၊ဧကရာဇ်များဖြစ်လာကြမည့်မင်းသားများကိုမည်သူ့ကိုမှလျှော့တွက်လို့မရ။နောင်တစ်ချိန်တွင်မိမိနှင့်ထိပ်တိုက်ရင်ဆိုင်ကြရမည့်သူများဖြစ်သည်။

ထိုသို့တွေးမိတော့ဆားတောင်ပြည်အကြောင်းကခေါင်းထဲအလိုလိုရောက်လာသည်။မိမိတို့
တိုင်းပြည်၏အခြေအနေ။

တစ်တိုင်းပြည်လုံးကိုဖုံးလွှမ်းနေသည်ကဆား
ကျောက်တောင်များ။ဘယ်နေရာရေတွင်းတူးတူးရေငံသာထွက်သဖြင့်သောက်ရေပင်ရှားပါး
ခက်ခဲလွန်းသည့်တိုင်းပြည်။

စားနပ်ရိက္ခာအခြေအနေဆိုလျှင်ပို၍ပင်ဆိုးသေးသည်။စိမ့်မြစ်ကမ်းဘေးတစ်လျှောက်မြစ်ဝှမ်းလွင်ပြင်မှလွဲ၍တစ်တိုင်းပြည်လုံးစိုက်ပျိုးရေးလုပ်ဆောင်၍မရ။

မြစ်ဝှမ်းလွင်ပြင်မှထွက်ရှိသည့်စားနပ်ရိက္ခာနှင့်တိုင်းပြည်၏လူဦးရေမည်သို့မှမကာမိ။တိရိစ္ဆာန်အစာပါရှားပါး၍မွေးမြူ ရေးလဲလုပ်ဆောင်လို့မရ။

ပြည်သူများ၏အလုပ်အကိုင်ကိုလဲစဉ်းစားကြည့်မိသည်။ကျောက်ခဲတမျှမာကျောလှသည့်ဆားကျောက်တောင်များပေါ်တွင်ဆားခဲများကိုခဲရာခဲဆစ်တူးထုတ်ဖဲ့ထွင်ကြရသည်။ဆားခဲများကိုဆားမှုံ့များဖြစ်အောင်ထုခွဲကြရသည်။

အာဟာရချို့တဲ့ပြီးကြုံ လှီသည့်ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားကြသည့်ဆားကျင်းမြေအလုပ်သမားများကဆားတောင်းများကိုမနိုင့်တနိုင်သယ်ပိုးပြီးဆားကုန်သည်တို့ထံပို့ဆောင်ပေးကြရသည်။

ဤသည်ကတိုင်းသူပြည်သားတို့၏အားကိုးအားထားပြုရသည့်အလုပ်အကိုင်။ချမ်းသာခြင်းနတ္ထိ။စားဖို့ပင်အနိုင်နိုင်။ပြည်သူအားလုံး၏တစ်ခုတည်းသောမျှော်လင့်ချက်ကမိမိပင်ဖြစ်သည်။

The Ugly Prince (Season-1)(completed)Where stories live. Discover now