(ခြတောင်ပို့)
ဆားတောင်နန်းတော်တွင်းသို့အမတ်ကြီးသုဝေဒနှင့်စစ်သူကြီးတို့ရောက်လာကြသည်။
အမတ်ကြီးကစစ်သူကြီးကိုတွေ့တွေ့ချင်းပြောမိသည်။
"မင်းသားလေးကညီလာခံသဘင်တက်ပြီး
တိုင်းပြည်ရဲ့အရေးကိစ္စတွေကိုစီစဉ်ပေးရင်သိပ်ကောင်းမှာပဲ""ဟုတ်တယ်။အဲလိုဆိုသိပ်ကောင်းမှာပဲ"
"အခုတော့မင်းသားလေးကညီလာခံတက်ဖို့ထက်ပြည်သူတွေကြားမှာလျှောက်သွားနေရတာကိုပိုပြီးသဘောကျနေတယ်"
"ဟုတ်ပါရဲ့နန်းတွင်းကိုပြန်ရောက်ရင်လဲသူ့အဆောင်တော်ထဲကနေထွက်မလာတော့ဘူး။စီမံကိန်းတွေရေးဆွဲပြီးအမိန့်ပေးစရာရှိရင်ကျုပ်တို့နှစ်ယောက်ကိုပဲသူ့ဆီလာဖို့ဆင့်ခေါ်တယ်"
"အင်း...မင်းတရားကြီးကအာဏာကုန်လွှဲအပ်ထားတဲ့အပြင်ပြည်သူတွေကလဲချစ်ခင်ကြတော့သူမိန့်ကြားသမျှအရေးကိစ္စတွေအားလုံးကအတည်ဖြစ်နေတာပဲလေ"
အမတ်ကြီးနှင့်စစ်သူကြီးကစကားပြောရင်းမင်းသားလေးအဆောင်တော်ရှေ့သို့ရောက်လာကြသည်။အဆောင်တံခါးဝတွင်မုန်တိုင်းကအမတ်
ကြီးကိုနှုတ်ဆက်လိုက်သည်။"နေကောင်းလားအဖေ"
"အဖေကတော့ကောင်းပါတယ်။ငါ့သားလဲကိုယ့်ကျန်းမာရေးကိုယ်ဂရုစိုက်။ငါ့သားကျန်းမာမှမင်းသားလေးကိုကောင်းကောင်းစောင့်ရှောက်နိုင်မှာ"
"ကျွန်တော်သိပါတယ်အဖေ။ကျွန်တော်ကိုယ့်ကိုယ်ကိုနေကောင်းအောင်နေပါတယ်"
"အေး...အေး...ကောင်းတယ်"
အမတ်ကြီးကသူ့သားပုခုံးကိုလက်ဖြင့်ပုတ်ရင်းကျေနပ်စွာပြုံးနေသည်။ပြီးမှအဆောင်တော်ထဲသို့ဝင်လာခဲ့သည်။
ရုပ်ဆိုးမင်းသားလေးကမြေပုံကားချပ်တစ်ခုကိုစားပွဲပေါ်ဖြန့်ခင်းပြီးစိတ်ဝင်တစားကြည့်နေသည်။
အမတ်ကြီးနှင့်စစ်သူကြီးကအနားကိုရောက်လာပြီးအရိုအသေပေးလိုက်ကြသည်။
မင်းသားလေးကမြေပုံပေါ်မှသင်တိုင်းနယ်ကိုလက်ဖြင့်ထောက်ပြပြီး-
ESTÁS LEYENDO
The Ugly Prince (Season-1)(completed)
FantasíaWangyib(U&Z) တိုင်းပြည်(၁၈)ပြည်ထောင်။ဇဗ္ဗူဒိပ်ကျွန်းတွင်တည်ရှိပြီးကုန်းတွင်းပိုင်းကျသည့်တိုင်းပြည်များဖြစ်သည်။ပင်လယ်ပြင်နှင့်အလှမ်းဝေးသည့်ထိုတိုင်းပြည်(၁၈)ပြည်တွင်အဆင်းရဲဆုံးဖြစ်သည့်တိုင်းပြည်မှမင်းသားလေးကမိမိတိုင်းပြည်ကိုဆင်းရဲတွင်းမှလွတ်ပြီးအချ...