အခန်း(၃၉)

48 3 0
                                    

(အတိတ်၏ပုံရိပ်များ)

စိန်တောင်ပြည်အရေးကိစ္စများပြီးဆုံးသွားချိန်တွင်တွင်ဆင်ဖြူ မင်းသားနှင့်မိုးနဂါးမင်းသားတို့ပြန်သွားကြသည်။

ဆားတောင်ပြည်ခံတပ်အဆောင်အဦး၏ရှေ့
မျက်နှာစာတွင်အလံသုံးခုကိုစိုက်ထူထားသည်။မိုးနဂါးတိုင်း၊ဆင်ဖြူ တိုင်းနှင့်ဆားတောင်ပြည်တို့၏အလံ။

တနည်းအားဖြင့်ပြောရလျှင်သုံးနိုင်ငံမဟာမိတ်ဖြစ်ကြောင်းသက်သေထူသည့်အလံ။စိန်တောင်မင်းသားကိုကတိမဖျက်ဖို့၊စာချုပ်ကိုမချိုးဖောက်ဖို့သတိပေးသည့်အလံ။

ဆင်ဖြူတိုင်းကိုပြန်သွားသည့်ဆင်ဖြူ မင်းသားကတစ်ပတ်အကြာတွင်ဆားတောင်ပြည်ကိုပြန်ရောက်လာခဲ့သည်။

ရုပ်ဆိုးမင်းသားလေးကဆင်ဖြူ မင်းသားကိုကြည့်ပြီးအံ့အားသင့်နေမိသည်။

"မင်းဘာဖြစ်လို့ပြန်ရောက်လာတာလဲ"

"လက်ဆောင်ပေးချင်လို့"

"လက်ဆောင်...ဘာလက်ဆောင်လဲ။ငါ့ကိုရွဲ့တာလား"

"ဘာ"

"မင်းငါ့ကိုစစ်ကူပေးခဲ့တာကိုငါကဘာလက်ဆောင်မှမပေးခဲ့ဘူးလေ။အဲဒါကြောင့်မို့ငါ့ကိုရွဲ့နေတာလားလို့"

"ကြံကြံဖန်ဖန်။မင်းလိုအတွေးမျိုးတစ်ခါမှကိုမတွေးမိဘူး"

ဆင်ဖြူ မင်းသားကသူယူလာသည့်လက်ဆောင်ဘူးကိုဖွင့်ပြသည်။

ရုပ်ဆိုးမင်းသားလေးကဆင်ဖြူ မင်းသားပေးသည့်လက်ဆောင်ကိုကြည့်ပြီးအထူးအဆန်းဖြစ်သွားမိသည်။

ဆင်ဖြူ မင်းသားရဲ့လက်ဆောင်ကစိန်ပွင့်လေး
တွေစီချယ်ထားသည့်ပတ္တမြားလည်ဆွဲတစ်ကုံး။

"ဒါကဘာလဲ။ဒီလိုလက်ဝတ်ရတနာမျိုးငါဘယ်တုန်းကဝတ်ဖူးလို့လဲ"

ဆင်ဖြူ မင်းသားမျက်နှာကတည်သွားသည်။

"ဘယ်သူကမင်းကိုပေးမယ်ပြောလို့လဲ"

"အမ်...မင်းပြောတော့လက်ဆောင်ပေးချင်လို့ဆို"

ဆင်ဖြူ မင်းသားမျက်နှာကပြောင်စပ်စပ်နှင့်-

The Ugly Prince (Season-1)(completed)Donde viven las historias. Descúbrelo ahora