အခန်း(၁၀)

71 4 0
                                    

( ချောက်ကမ်းပါးအောက်တွင်)

ဆင်ဖြူ မင်းသားနှင့်ရုပ်ဆိုးမင်းသားလေးတို့နှစ်ယောက်တောင်ပေါ်မြှပုတ်ကျပြီးချောက်ကမ်းပါး
အောက်ရှိရေကန်ထဲကျသွားသည်။

ဆင်ဖြူ မင်းသားကရုပ်ဆိုးမင်းသားလေးကိုရေကန်အစပ်သို့ဆွဲခေါ်လာခဲ့သည်။ကမ်းစပ်တွင်
နှစ်ယောက်သားလဲလျောင်းရင်းအမောဖြေနေ
ကြသည်။အမောပြေသွားသည့်အခါမှနှစ်ယောက်သားငုတ်တုတ်ထထိုင်လိုက်ကြသည်။

ဆင်ဖြူ မင်းသားကပတ်ဝန်းကျင်ကိုလှည့်ပတ်
ကြည့်ရင်းတစ်နေရာသို့လက်ညှိုးထိုးပြသည်။

"ရုပ်ဆိုးမင်းသား...ဟိုမှာကြည့်ဦး။ဟိုနားကဟာဂူတစ်ခုထင်တယ်"

ရုပ်ဆိုးမင်းသားလေးကဆင်ဖြူ မင်းသားပြသည့်နေရာကိုလှည့်ကြည့်လိုက်သည်။

"ဟုတ်မယ်ထင်တာပဲ"

"ငါတို့ဒီချောက်ကမ်းပါးအောက်ကနေမထွက်နိုင်ရင်နားဖို့နေရာတစ်ခုတော့ရှိဖို့လိုတယ်။ငါအဲဒီဂူထဲသွားကြည့်လိုက်ဦးမယ်"

"တောကောင်တွေအောင်းနေရင်ဘယ်လိုလုပ်မလဲ"

"မပူပါနဲ့ငါ့မှာဓားပါပါတယ်"

ဆင်ဖြူ မင်းသားကဂူရှိရာသို့ထွက်သွားသည်။
ဂူထဲသို့ဝင်သွားပြီးခဏအကြာတွင်ဆင်ဖြူ မင်းသားကဂူထဲကပြန်ထွက်လာပြီးရုပ်ဆိုးမင်းသားလေးဆီပြန်လာသည်။

"လာ...ငါတို့ဂူထဲသွားရအောင်"

ဆင်ဖြူ မင်းသားကရုပ်ဆိုးမင်းသားလေးကိုဆွဲထူလိုက်သည်။

"မကိုင်နဲ့"

ရုပ်ဆိုးမင်းသားလေးကသူ့လက်ကိုပြန်ဆွဲယူသွားသဖြင့်ဆင်ဖြူ မင်းသားခဏမျှကြောင်သွားသည်။

"ဘာတုန်းဟ။မင်းခြေထောက်ဒဏ်ရာရထားလို့ထူပေးတာလေ"

"မလိုဘူး"

"မင်းဘာတွေမာနကြီးနေတာလဲ"

"မာနကြီးတာမဟုတ်ဘူး။ကိုယ့်ဟာကိုယ်ဖြေး
ဖြေးထမယ်"

ဆင်ဖြူ မင်းသားကရုပ်ဆိုးမင်းသားလေးကိုစိတ်ပျက်သည့်အကြည့်နှင့်ကြည့်လိုက်မိသည်။

The Ugly Prince (Season-1)(completed)Donde viven las historias. Descúbrelo ahora