(ပညာတော်သင်ကျောင်းသားစာရင်း)
သုံးရက်ကြာပြီးနောက်မိုးနဂါးတက္ကသိုလ်ကျောင်းဝင်းကြီးအတွင်းပညာသင်ယူကြမည့်ကျောင်းသားများအစုံအညီရောက်ရှိကုန်ကြသည်။
မင်းသားတစ်ပါးချင်းစီအတွက်အဆောင်တစ်ခုစီစီစဉ်ပေးထားပြီးအဆောင်တိုင်း၏ရှေ့တွင်သက်ဆိုင်ရာမင်းသား၏တိုင်းပြည်အလံကိုစိုက်ထူထားသည်။
ပညာတော်သင်ကျောင်းသားများကမိမိတို့တိုင်း
ပြည်၏ချမ်းသာကြွယ်မှုများကိုအခြွေအရံအဆောင်အယောင်များဖြင့်ထုတ်ဖော်ပြသလိုကြသည်။သို့သော်ကျောင်းဝင်းအတွင်းဆင်မြင်းစီးခွင့်
မရှိ။အခြွေအရံများနှင့်စီးတော်ဆင်၊မြင်း၊ဝေါ
ယာဉ်များကိုကျောင်းဝင်းအပြင်တွင်သာထား
ခွင့်ပြုသဖြင့်မင်းသားများခမျာ့ကြွားဝါချင်သော်
လည်းကြွားဝါခွင့်မရသည့်အခြေအနေဖြစ်နေ
သည်။မိုးနဂါးတက္ကသိုလ်၏အဓိပတိဆရာကြီးအားတရားဝင်ဂါရဝပြုနှုတ်ဆက်ပွဲကျင်းပသည့်နေ့
တွင်ရုပ်ဆိုးမင်းသားလေးကစာသင်ဆောင်ခန်းမဆီသို့လာရင်းအဝင်ဝတွင်ကပ်ထားသည့်ကျောင်းသားစာရင်းကိုဖတ်ကြည့်လိုက်သည်။ပညာတော်သင်ကျောင်းသားစာရင်း
၁။မိုးနဂါးမင်းသား-မိုးနဂါးတိုင်း
၂။စိန်တောင်မင်းသား-စိန်တောင်ပြည်
၃။ဆင်ဖြူ မင်းသား-ဆင်ဖြူ တိုင်း
၎။သံတောင်မင်းသား-သံတောင်ပြည်
၅။ရွှေတောင်မင်းသား-ရွှေတောင်ပြည်
၆။ရွှေခြင်္သေ့မင်းသား-ခြင်္သေ့လက်ဝါးတိုင်း
၇။ကျောက်စိမ်းမင်းသား-ကျောက်စိမ်းတိုင်း
၈။ပတ္တမြားမင်းသား-ပတ္တမြားတိုင်း
၉။ပုလဲနက်မင်းသား-ပုလဲနက်တိုင်း
၁၀။သက်တန့်ရောင်မင်းသား-သက်တန့်ရောင်
တိုင်းပြည်(ရတနာခုနှစ်ပါးထွက်ရှိရာတိုင်းပြည်)၁၁။မင်းသားနက်-ငွေတောင်ပြည်
၁၂။ရွှေနက်ရောင်မင်းသား-ရေနံမြေပြည်
ထောင်စု
VOUS LISEZ
The Ugly Prince (Season-1)(completed)
FantasyWangyib(U&Z) တိုင်းပြည်(၁၈)ပြည်ထောင်။ဇဗ္ဗူဒိပ်ကျွန်းတွင်တည်ရှိပြီးကုန်းတွင်းပိုင်းကျသည့်တိုင်းပြည်များဖြစ်သည်။ပင်လယ်ပြင်နှင့်အလှမ်းဝေးသည့်ထိုတိုင်းပြည်(၁၈)ပြည်တွင်အဆင်းရဲဆုံးဖြစ်သည့်တိုင်းပြည်မှမင်းသားလေးကမိမိတိုင်းပြည်ကိုဆင်းရဲတွင်းမှလွတ်ပြီးအချ...