အခန်း (၃)

90 4 0
                                    

(ပညာတော်သင်စေလွှတ်ခြင်း)

နေ့၊လ၊ရက်တို့အလီလီပြောင်းလဲလာခဲ့ပြီးနောက်ရုပ်ဆိုးမင်းသားလေးအသက်(၁၆)နှစ်အရွယ်သို့ရောက်ရှိလာခဲ့သည်။အမတ်ကြီးသုဝေဒ
နှင့်စစ်သူကြီးနန္ဒမိတ်ကမင်းသားလေးကိုငယ်စဉ်မှစ၍ပညာရပ်မျိုးစုံကိုသင်ကြားပေးခဲ့ကြသည်။

မင်းသားလေးကဉာဏ်ပညာထက်မြတ်ပြီး
တိုင်းပြည်၏နိုင်ငံရေးအခြေအနေကိုလဲစိတ်
ဝင်စားသည်။ထို့ကြောင့်မိမိတိုင်းပြည်၏ဆင်းရဲတွင်းနက်နေပုံကိုမည်သို့မည်ပုံကယ်တင်ရပါ
မည်နည်းဟုအမြဲတမ်းတွေးတောကြံဆနေတတ်သည်။

တစ်နေ့တွင်ဆားတောင်နန်းတော်ဆီသို့မိုးနဂါးတိုင်းမှဖိတ်စာတစ်စောင်ရောက်လာခဲ့သည်။
"မိုးနဂါးတက္ကသိုလ်တွင်ရုပ်ဆိုးမင်းသားလေးပညာသင်ကြားလိုပါကလာရောက်သင်ကြား
နိုင်ပါသည်"ဟုဖိတ်ခေါ်သည့်စာဖြစ်သည်။

ဆားတောင်ဘုရင်ကြီးကဖိတ်စာရောက်ရောက်ချင်းရုပ်ဆိုးမင်းသားလေးကိုခေါ်ပြီးအသိပေးသည်။

"သားတော်အသက်(၁၆)နှစ်ပြည့်ပြီဆိုတော့မိုးနဂါးတိုင်းကိုသွားပြီးပညာသင်ကြားရတော့မယ်"

"ဟုတ်ပါတယ်ခမည်းတော်။ဒါပေမဲ့သားတော်မသွား ချင်ပါဘူး"

"မသွားချင်လို့မရဘူးသားတော်။မိုးနဂါးတက္က
သိုလ်ကိုပညာတော်သင်မသွားရင်သားတော်ကိုတခြားတိုင်းပြည်တွေကအထင်အမြင်သေးလိမ့်မယ်"

"ဒါပေမဲ့ခမည်းတော်...သားတော်ကတိုင်းပြည်အတွက်အလုပ်လုပ်ချင်နေပြီ။သူများတိုင်းပြည်ကိုမသွားဘဲကိုယ့်တိုင်းပြည်တိုးတက်ဖို့အတွက်ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲကြိုးစားချင်တယ်"

"သားတော်ကြိုးစားချင်လည်းပဲတက္ကသိုလ်ကိုတော့သွားရလိမ့်မယ်။သားတော်ကိုသူများတွေအထင်အမြင်သေးမှာကိုခမည်းတော်မလိုလားဘူး"

"မဖြစ်ဘူးခမည်းတော်သားတော်ကအခုကစပြီးအရွယ်ရောက်ပြီမို့တိုင်းပြည်တိုးတက်ရေးအတွက်စပြီးလုပ်ဆောင်တော့မှာပါ"

"ပညာသင်ပြီးမှလုပ်ပါသားတော်။ခမည်းတော်တို့တိုင်းပြည်ကဆင်းရဲတယ်ဆိုတာအတိုင်းတိုင်းအပြည်ပြည်ကသိပြီးနေပါပြီ။ဒီ့ထက်ပိုပြီးဆင်းရဲစရာအကြောင်းလဲမရှိတော့ပါဘူး။

The Ugly Prince (Season-1)(completed)Donde viven las historias. Descúbrelo ahora