အခန်း(၇)

100 5 0
                                    

(မိုးနဂါးကျောင်းတော်မှပညာသင်ဘက်ညီအကိုများ)

တစ်ပတ်ကြာပြီးနောက်မင်းသားများနေရာလဲ
ရန်မဲနှိုက်ရပြန်သည်။ဒီတစ်ခါရုပ်ဆိုးမင်းသား
လေးနှင့်အတူတွဲကျသူကဆင်ဖြူ မင်းသား။

ရုပ်ဆိုးမင်းသားလေးကသူ့ဘေးကစားပွဲတွင်ထိုင်နေကျဖြစ်သည့်ကြာပန်းဖြူ မင်းသားကိုရှာကြည့်မိသည်။ကြာပန်းဖြူ မင်းသားလေးကသံတောင်မင်းသားစားပွဲတွင်ရောက်နေသည်။

သူတွေးမိသည်ကသူတို့နှစ်ဦး၏ကံကြမ္မာ။သူတို့နှစ်ဦးလုံးက(၁၈)ပြည်ထောင်ထဲတွင်အဆင်းရဲဆုံးတိုင်းပြည်နှစ်ပြည်မှမင်းသားများဖြစ်သည်။

သို့ပေမဲ့သူတို့နှစ်ဦးမှာသူတို့နှင့်မတိမ်းမယိမ်းသာရှိသည့်မင်းသားများနှင့်ဘယ်တော့မှအတူတူတွဲမကျ။တွဲကျလိုက်လျှင်ခေါင်ကလူတွေချည်းပင်။

သံတောင်ပြည်ဆိုသည်ကသံထည်ပစ္စည်းအ
ကောင်းစားများထွက်ရှိပြီး(၁၈)ပြ ည်ထောင်လုံးကိုစစ်လက်နက်ပစ္စည်းထုတ်ရောင်းနေသည့်တိုင်းပြည်။ပြောရလျှင်လက်နက်အင်အားကြီးတိုင်း
ပြည်။

ရုပ်ဆိုးမင်းသားလေးကကြာပန်းဖြူ မင်းသား
ကိုအကြည့်လွှဲပြီးရှေ့တည့်တည့်ကိုကြည့်လိုက်
တော့သူ့ကိုပြုံးစိစိဖြင့်စိုက်ကြည့်နေသည့်
ဆင်ဖြူ မင်းသားကိုတွေ့ရလေသည်။

*

*

*

သံတောင်မင်းသားကသူ့ရှေ့တည့်တည့်တွင်
ထိုင်နေသည့်မင်းသားကိုကြည့်လိုက်သည်။
ကြာပန်းဖြူ မင်းသားလေး။ဒီငတိလေးကိုသူသိ
ပါသည်။စာသင်ချိန်တစ်ပတ်အတွင်းသူ့ဘေး
ကခုံတွင်ထိုင်ပြီးနေ့တိုင်းအိပ်ငိုက်နေသည့်
ကလေး။

သူကတော့ကလေးလို့ပဲသတ်မှတ်လိုက်သည်။ရုပ်ကိုကကလေးရုပ်။အသက်ကလဲသူ့ထက်
ငယ်မည့်ပုံ။မျက်နှာအနေအထားကချောမော
ခန့်ညားသည့်ပုံမျိုးမဟုတ်ပေမဲ့အရုပ်ဆိုးသည့်အထဲလဲမပါပြုံးလိုက်လျှင်ပိုပြီးကလေးနှင့်တူသွားသည်။

အသားအရည်ကနေမထိဖူးသည့်အလားဖြူ
ဖွေးနေသည်။နာမည်နှင့်လိုက်ဖက်ပါ့ဟုတွေး
လိုက်မိသည်။အရပ်က၅' ၈" မို့အရပ်ပုသည်ဟုမဆိုသာပေမဲ့တခြားမင်းသားတွေကထွားကျိုင်းသန်မာနေတော့သူ့ခမျာ့သေးသေးညှပ်ညှပ်လေးဖြစ်နေရှာသည်။သူနှင့်တန်းတူတာဆိုလို့ရုပ်ဆိုးမင်းသားလေးသာရှိသည်။ဒါတောင်ရုပ်ဆိုးမင်းသားလေးကသူ့ထက်ယောင်ယောင်လေး
အရပ်မြင့်နေသေးသည်။

The Ugly Prince (Season-1)(completed)Where stories live. Discover now