နန်းလွမ်ရင် / နန္းလြမ္ရင္

12.4K 625 8
                                    

Unicode

အိမ်ခန်းမှ ကျွန်းပြတင်းပေါက်ကို ဖွင့်လိုက်သည်နှင့်
အိမ်နောက်ဖေးရှိ လက်ဖက်ခြံမှ သင်းပျံ့လာသော လက်ဖက်ရနံ့သည် နန်းလွမ်ရင်၏ တစ်နေ့တာကို စတင်ရန်အတွက်အင်အားပေးနေသယောင်ယောင် ။

လေနုသင်းလေးက ဆောင်း၏ရနံ့ကို ဖော်ဆောင်‌သယောင်ယောင်...

ဆောင်း၏ ရနံ့ကို ခံစားနေစဉ် သူကြီး၏ တနေ့မှပြောသံအား ပြန်လည်သတိရမိသည် ။

တနေ့တုန်းကသူကြီးအခေါ်လွှတ်လိုက်သည်ဟု
ကျောင်းမှကလေးတစ်ယောက် ဆိုသောကြောင့် နန်းလွမ်ရင် သည် ကျောင်းမှအပြန် သူကြီးအိမ်သို့ ဝင်ရသည် ။

သူကြီးသည် သူ၏အိမ်ရှေ့ရှိ ကွပ်ပစ်ပေါ်တွင် ထိုင်ကာ ရေနွေးကြမ်းသောက်နေလေ၏။
နန်းလွမ်ရင် ရောက်လာတော့ သူကြီးက

“ဆရာမလေးက အိမ်မှာ တစ်ဦးတည်းနေတာဆိုတော့ သူကြီးအကူအညီတောင်းစရာရှိတယ်ကွဲ့ ”

မြန်မာဆန်ဆန်နှင့် လှပလွန်းသော
နန်းလွမ်ရင်အား ရွာရှိလူအကုန်လုံးမှချစ်ကြသည် ။

“ဟုတ်ကဲ့ လွမ် ကူညီပေးပါ့မယ် ဘာများလဲ ”

ထိုအခါ သူကြီးသည် အားနာသောအမူအယာနှင့် တုံ့ပြန်ပါသည် ။

“သန်ဘက်ခါ‌ရောက်ရင် မြို့ကနေ အဂ်လိပ်
ဖက်က သစ်တောအ‌ရေးပိုင်တစ်ယောက်
ရောက်လာမယ် ။ ဒါကို ဆရာမရဲ့ အိမ်မှာလက်ခံထားလို့ဖြစ်ပါရဲ့လား ။ ထူးထူးခြာခြား လာမှာက မိန်းကလေးတစ်ယောက်ဖြစ်နေတယ် ”

“ဒါဖြင့် သူကို လွမ့် အိမ်မှာ တည်းဖို့ပေးရမယ်ပေါ့ ”

“ ‌ဆရာမလေး အဆင်မပြေလည်းရပါတယ် ဟိုမိန်းခလေးအတွက် သူကြီးတို့ နောက်တစ်အိမ် ရှာပေးလိုက်ပါမယ် ”

“ရပါတယ် သူကြီးရယ် လွမ့်အတွက် ဒါက အပမ်းမကြီးပါဘူး ”

လွင့်စင်လာသော ဆောင်းလေအေးက နန်းလွမ်ရင်အား အတွေးစိတ်ကူးထဲမှ ခေါ်ထုတ်လာခဲ့သည် ။

သူမလည်း ခေါင်းခါရင်း ကျောင်းသွားဖို့ရာအတွက် စတင်ပြင်ဆင်လိုက်သည် ။
သူမကကျောင်းဆရာမဖြစ်သည့်အတွက် ကျောင်းစိမ်းအကျီပဲဝတ်ရမည် ။
တံတောင်ဆစ်အထိရင်ဖုံး အကျီအဖြူကို ဝတ်ဆင်လိုက်သည် ။ အစိမ်းရောင်ထဘီကို ဝတ်ဆင်တော့ သူမ၏သွယ်လျတဲ့ ခန္ဓာကိုယ်က အလွန်ကြည့်ကောင်း၏ ။
ပြီးတော့..ဆွယ်တာ အစိမ်းကို အကျီအပေါ်မှထပ်ဝတ်လိုက်၏ ။

ချစ်သော နန်း နှင့် ဟွမ် ( Completed )Where stories live. Discover now