Chapter_4

4.9K 767 28
                                    

Unicode

"ကဲ...တက်တော့ ရပြီ "

ဟွမ်က ဆိုင်ကယ်ပေါ်တက်ကာ စက်နှိုးပြီးမှ အမလွမ်ကို တက်ဖို့ခေါ်ရသည် ။

"ညီမငယ် ...လမ်းသိလို့လား "

အမလွမ် မေးကာမှ သတိရသည် ။
သူမ လမ်းမှမသိတာ ။
ဟွမ်က မသိကြောင်း ခေါင်းခါပြတော့ အမက ရယ်သည် ။

" ထားပါတော့...ညီမ ရွာကိုလာတုန်းက လမ်းမှတ်မိလား ၊ ဘူတာကြီးသွားတဲ့လမ်း‌လေ "

ဟွမ်မှတ်မိလိုက်ပြီ ၊ ရွာလမ်းလေးက သာယာတာမို့ ရောက်စတည်းက နေရာတွေကိုမှတ်ထားမိတာဖြစ်သည် ။

"ဟုတ်..ဟွမ် မှတ်မိတယ်"

"အင်း အဲ့ကိုသွားရမှာ "

ဟွမ် ခေါင်းညိမ့်ပြတော့ အမလွမ်က အနောက်က ဘေးတစောင်းထိုင်သည် ။
ဆိုင်ကယ်ထွက်တော့ အမလွမ်က ဟွမ့်ခါးရှိ အကျီအပွစကို မထိတထိ ဆုပ်ကိုင်လာ၏ ။

ဟွမ်ပြုံးလိုက်ရင်း ‌‌လက်တစ်ဖက်ဖြင့် အမလွမ် လက်ကို ကိုင်ကာ ခါးသို့ ခပ်တင်းတင်း ဖက်ထားစေလိုက်၏ ။
အမလွမ်မမြင်တဲ့ ဟွမ့်မျက်နှာလေးကတော့ အပြုံးပန်းလေးတွေ ဝေနေလေရဲ့....။

🍀🍀🍀🍀🍀🍀🍀🍀🍀

"ညီမငယ် ဆိုင်ကယ်ကို ဒီမှာရပ်မယ် "

အမလွမ်ပြောသည့် နေရာကတော့ စမ်းရေအေးဆိုသည့် ဆိုင်ပါပင် ။
ဟွမ်နှင့်လွမ်တို့ ဆိုင်ရှေ့ရောက်တော့ ဆိုင်ရှင်အဒေါ်ကြီးက ချက်ချင်းထွက်လာကာ ကြိုသည် ။

"အရေးပိုင်လေး ပြန်တွေ့ပြန်ပြီနော် ၊
ဆရာမလေးကိုလည်း သတိနေတာ "

တွေ့စကလို မျက်နှာထားတင်းတင်းနှင့်
မဟုတ်တော့ ။
အရင်ကထက်တောင် မျက်နှာထားက ပိုချိုနေသေးသည် ။
ဟွမ်ကတော့ စကားဆက်မပြောပဲ
ပြုံးသာပြလိုက်၏ ။
ပြောတာကတော့ အမလွမ် အမကသဘောကောင်းတော့ လျစ်လျူမရှုထားနိုင်ဘူးထင် ။

"ဟုတ်ကဲ့ ၊ လွမ်လည်း ဒေါ်ဒေါ်ရဲ့ ဟင်းချက်လက်ရာကို အရမ်းသတိရနေတာ ၊
ပြီးတော့ ဒေါ်ဒေါ်ကိုရောပဲ "

အမယ် တို့ရဲ့မင်းသမီးလေးက မြှောက်ပင့်စကားတွေပြောတတ်ပါလား ။
ကိုယ့်အတွေးနဲ့ကိုယ် ခွီခနဲရယ်မိတော့ အမလွမ်က အကျီစကို ခပ်တင်းတင်းဆွဲကိုင်ကာ သတိလာပေးသည် ။
ရယ်တာမရပ်နိုင်တော့...

ချစ်သော နန်း နှင့် ဟွမ် ( Completed )Wo Geschichten leben. Entdecke jetzt