[ AN - ပြီးခါနီးဖြစ်လို့ စာတစ်လုံးခြင်းဆီကို သေချာလေးဖတ်ပေးဖို့ မျှော်လင့်ပါတယ် ၊ ပျင်းဖို့ကောင်းတယ်မမြင်ပဲ
နန်းနဲ့ဟွမ်ရဲ့ အေးချမ်းတဲ့ ဘဝလေးကို သေချာရေးပေးချင်တာကြောင့် ၊ သေချာလေး ဖတ်စေချင်ပါတယ် ၊ စိတ်ထဲ အေးချမ်းတာ တစ်ခုခုလေး ကျန်ခဲ့တယ်ဆိုရင် လုံလောက်ပါတယ် ]_________________________________
Unicode
ရာသီဉတုက မနက်အစောပိုင်း ချမ်းစိမ့်စိမ့်လေးဖြစ်နေတာကြောင့် ဟွမ် နိုးလာခဲ့သည် ။
ဘေးကို လက်ဖြင့် စမ်းကြည့်တော့ အမက မရှိ ။
ပြတင်းပေါက်ကိုလှမ်းကြည့်တော့လည်း ရောင်ခြည်တောင်မပေါ်သေး ။
ကောင်းကင်ဟာ မှောင်နေတုန်းသာဖြစ်လို့
မနက် လေးနာရီလောက်တော့ ရှိလိမ့်ဦးမည်။အမနဲ့ နေတာကြာပြီ ဖြစ်၍ စောစောထတာ
ဟွမ့်အတွက်က အကျင့်ဖြစ်သွားပြီ ။ အိပ်ယာကို သေသေသပ်သပ် အရင်သိမ်းလိုက်သည် ။
ပြီးမှ ဘေးက သံသေတ္တာလေးပေါ်မှာ အမလွမ်
အသင့်တင်ပေးထားတဲ့ အနွေးထည် ခပ်ပါးပါးကို ဝတ်လာရင်း အိပ်ခန်းအပြင်သို့ ထွက်လာခဲ့သည် ။အခန်းအပြင်တွင်တော့ ဘုရားစင်ရှေ့မှာ
အမရဲ့ မေတ္တာသုတ် ရွတ်သံ ခပ်တိုးတိုးဟာ အမွှေးတိုင် အနံ့တို့နှင့်အတူ
ပျံ့လွင့်လာသည် ။ဒီနေ့ ဆွမ်းလောင်းရမည့်နေ့ဖြစ်တာကြောင့် အမက စောစောထတာ ဖြစ်လိမ့်မည် ။
ပြီးတော့ သစ်တော့ဝိုင်းထဲကို နှစ်ယောက်တူတူသွားမည့်နေ့လည်းဖြစ်သည် ။ဒါကြောင့် အမနှင့်အတူ ဆွမ်းလောင်းဖို့ရာအတွက်
ဟွမ် မျက်နှာသစ် ၊ ခြေဆေးလက်ဆေးပြုလုပ်ရမည်။
ထိုအတွေးဖြင့် ဆင်းလာခဲ့သည်က
အနောက်ဖေး စံပယ်ရုံကာထားသည့် ရေချိုးကန်နေရာ ။
အိမ်ပေါ်မှ ရေနံဆီမီးခွက် အချို့ရဲ့ အကူအညီကြောင့် ရေချိုးကန်ကို အနည်းငယ်လင်းလင်းလေးတော့ မြင်ရသည် ။
တောင်တန်းတွေကလည်း မိုးမလင်းသေးတာတစ်ကြောင်း
ဆီးနှင်းနှင့် မြူတို့ပါ ဖုံးအုပ်နေတာကတစ်ကြောင်း မမြင်ရပါ ။
သို့ပေမယ့် အအေးဓာတ်နှင့် ခပ်သင်းသင်းသစ်တောနံ့ကြောင့်
ရှိကြောင်း တော့သိရသည် ။
أنت تقرأ
ချစ်သော နန်း နှင့် ဟွမ် ( Completed )
عاطفيةBoth Zawgyi & Unicode ရှမ်းပြည်ကြီးမှာ စတင်ဆုံတွေ့ခဲ့ကြ တို့နှစ်ယောက်၏ ချစ်ခြင်းအစ နန်းလွမ်ရင် 🌻 ဟွမ်ပန်းခမ် * ဤfictionရှိအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှု သက်သက်သာဖြစ်ပါကြောင်း... တစ်နေရာရာတိုက်ဆိုင်မှုရှိခြင်း ရှိပါက စာရေးသူ၏ညံ့ဖ...