Chapter_1

6.8K 596 23
                                    

Unicode

ထို့နောက် ရထားရပ်သွားသည်နှင့် ခရီးဆောင်အိတ်နှစ်အိတ်ကို လက်မှ ဆွဲရင်း သူမရထားပေါ်မှဆင်းလိုက်သည် ။
လတ်ဆတ်အေးချမ်းသော လေသည် သူမ မျက်နှာသို့ လာရိုက်ခတ်သည် ။
ချက်ချင်းပင်လန်းဆန်းသွားကာ ပြုံးလိုက်မိသည် ။

သူမသည် အနောက်နိုင်ငံ နေရာအနှံ့လျောက်သွားဖူးသော်လည်း မြန်မာနိုင်ငံတွင်း၌ သွားရန်
သူမအရဲမစွန့်နိုင်သေးပါ ။

သည်နေရာသို့ စာတစ်စောင့်ဖြင့်သာ အားတင်းလာခဲ့ရသည် ။
သူမမကြောက်ပါ သို့သော် လူစိမ်းတို့ဖြင့် အချိန်တစ်ခုထိ အတူတူနေရမည်ဆိုသောကြောင့် အသားမကျခြင်းဖြစ်သည် ။
ထိုစာထဲတွင် သူမတည်းမည့်အိမ်သည် ဆရာမတစ်ယောက်၏အိမ်ဖြစ်ကြောင်း....
လာခေါ်မည့်သူသည် စမ်းရေအေးဆိုသည့်ဆိုင်‌တွင် စောင့်နေမည်ဖြစ်ကြောင်းမျှသာ ရေးထားသည် ။

ထို့နောက် စမ်း‌ရေအေး ဆိုသည့် ထမင်းဆိုင်တစ်ဆိုင်သို့ဝင်လိုက်သည် ။
ဆိုင်သည် ဘူတာရုံ၏ ရှေ့၌ရှိသောကြောင့် သူမလွယ်လွယ်ဖြင့်ရှာတွေ့ခြင်းဖြစ်သည် ။
ထိုဆိုင်သည် သူမကိုရွာထဲမှ လာကြိုမည့်သူတစ်ယောက် စောင့်နေမည် ဖြစ်သောကြောင့် ဝင်လာခြင်းဖြစ်သည် ။

ဝင်ပြီးချင်း ပိုက်ဆံရေတွက်နေသည့်ဆိုင်ရှင်ဖြစ်ဟန်တူသော ဝဖိန့်ဖိန့် အမျိုးသမီးတစ်ယောက်အား စကားစကာပြောလိုက်သည် ။

“ဒီမယ် ...ဆိုင်ရှင်လား ”

ထိုအခါ ထိုအမျိုးသမီးက ဟွမ့်ရှေ့သို့တည့်တည်းလာရပ်လိုက်၏ ။
ထို့နောက် ထိုမိန်းမကြီးသည် သူ၏လက်တုတ်တုတ်ကြီးနှစ်ဖက်ရှိ ရွှေတို့အား တစ်ဖက်သူ သတိပြုမိစေရန် လက်ပြုတ်မတတ်ခါပြပြီးနောက် ခါးထောက်လိုက်လေသည် ။

“ဟုတ်တယ် ..ဘာစားမှာလဲ ”

ဟွမ့်စိတ်ထဲ ဘုရားရေဟု တ မိသည် ။ ထိုအဒေါ်ကြီးသည် ရန်တွေ့သလိုမေးနေ၏ ။ စမ်းရေအေးဆိုသည့်ဆိုင်နာမည်နှင့်ပင်မလိုက် ။
ဟွမ် ထိုအမျိုးသမီးကိုကြည့်ပြီးလက်ဖျားခါမိသည် ။
ဘယ့်နှယ့် ဒီဆိုင်တော့ ရောင်းကောင်းဦးမယ် ။

ချစ်သော နန်း နှင့် ဟွမ် ( Completed )Место, где живут истории. Откройте их для себя