Chapter_2

5.7K 533 24
                                    

Unicode

ထမင်းစားပွဲပေါ်မှာ အတည်တကျ နေရာယူရင်း
ထမင်းခပ်ထည့်ပေးနေသော အမလွမ်ကိုကြည့်မိသည် ။

အထူးသဖြင့် အမလွမ်၏ ဆေးမကူပဲ နဂို လက်သည်းခွံပန်းရောင်လေး....
လက်ကောက်ဝတ်သွယ်သွယ်တွင်တော့ ရွှေ‌ရောင် ကြိုးအမျှင်လေးကနေရာယူထားသည် ။
ထမင်းဟင်းချက်သောကြောင့်ဖြစ်မည်ထင်သည် ။
ဆံပင်တို့ကို စုထုံးထားလေသည် ။
အမလွမ် ရန်ကုန်မှာမနေတာ ကံကောင်းသည် ။
ရန်ကုန်မှာသာနေရင် အမလွမ်
ကိုကြိုက်တဲ့သူပေါမှာ ။
မိန်းကလေးတွေကြားမှာတောင် ပေါ်ပြူလာဖြစ်မယ့် အမလွမ် ရဲ့မြန်မာဆန်ဆန်လှတဲ့ပုံလေး ။

အရပ်က ဟွမ့်ထက်ပုပေမယ့် သူမအရပ်နှင့်သူမကတော့ရှိသည် ။
ခါးသွယ်သွယ်ကလည်း မြန်မာထဘီအကျီ ဝတ်လိုက်သည်နှင့် သိပ်ကိုထင်ပေါ်လွန်းပါသည် ။

" ညီမငယ် ဘာတွေတွေး‌နေတာတုန်း "

အမလွမ်ကိုငေးနေမိတာကြောင့်
အမ မေးသောအခါ ကိုယ့်ရဲ့မလုံသောစိတ်နှင့်သာ ခေါင်းခါရင်း ရယ်မိသည် ။
လိမ်မိတဲ့အတွက် အမလွမ် စိတ်တော့မဆိုးစေလို။

ထမင်းပန်းကန်ကို ဟွမ့်အရှေ့ဖွဖွချရင်း
အမလွမ်က စားပွဲခုံ ဟွမ်ရဲ့မျက်နှာချင်းဆိုင်မှာထိုင်လာသည် ။
ထို့နောက် ပြောင်ဖူးထောင်းကြော် ဆိုတာကို ညွှန်ပြရင်း ‌ညင်ညင်သာသာနှင့် ဖြေးဖြေးဖွဖွ စကားပြောသည် ။

"ကဲ ညီမငယ် ..ဒါလေးက ပြောင်းဖူးထောင်းကြော် ၊
ပြောင်းဖူး..ဖူးတဲ့အချိန်မဟုတ်ဘူးဆိုပေမယ့် အရေးပိုင်အသစ်လေးရောက်လာတယ်ဆိုပြီး ကလေးတွေက စားစေချင်လို့ လာပေးထားတာ
‌ညီမငယ် စားဖူးမလားတော့ မသိဘူး ပြောင်းဖူးကိုထောင်းပြီး မီးနည်းနည်းနဲ့‌ကြော်ထားတာ ၊ စားကြည့် နောက်တစ်ခါ ကြိုက်ရင် ထပ်ကြော်ပေးမယ် "

ပြောရင်းဆိုရင်း အမလွမ်သည် ဟွမ့်ပန်းကန်ထဲသို့ ပြောင်းဖူးထောင်းကြော်ဆိုတာကို တစ်ဇွန်းခပ်ထည့်သည် ။

"ပြီးတော့ ဒါက ကြက်သားနှပ် ၊ ဒါက ချဉ်ပေါင်ဟင်းရည် ၊ နောက်နေ့မှ ခရမ်းချဉ်သီးငပိချက် ချက်ကြွေးမယ်နော် ၊
ဒီနေ့တော့ အရည်သောက်လေးပဲ ၊ ထည့်စား "

ချစ်သော နန်း နှင့် ဟွမ် ( Completed )Where stories live. Discover now