Unicode
သုံးနှစ်ခန့်ကြာသောအခါ
သီတင်းကျွတ်လ
“ဟွမ် ...ဘာလို့ လွမ့်ကို ကြိုမပြောတာတုန်း”
မနက်စောစော အမလွမ်ရဲ့အသံဟာ
ပျံ့လွင့်လာသည် ။ အမကအိပ်ယာထဲက ထလိုက်ပြီး
သူမပြင်ဆင်စရာရှိတာတွေ လုပ်တော့သည် ။
သီတင်းကျွတ် ကျောင်းဆယ်ရက်
ပိတ်ထားတာကြောင့်
အမရဲ့ကျောင်းလည်းပိတ်ထားသည် ။“ မောင်ကကွာ အမဘာမှ မပြင်ဆင်ရသေးဘူး ။ထတော့ ။ အိပ်မနေနဲ့တော့ ”
အမက အိပ်ယာထဲ လှဲပြီး အမကိုရယ်နေတဲ့ ဟွမ့်လက်မောင်းလေးကို အနည်းငယ် ထုပြီး ပြောသည် ။ အမက ပြာပြာသလဲလဲဖြစ်နေပြီး
ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိ ဖြစ်နေလေရဲ့ ။အကြောင်းအရင်းကတော့ ဟွမ့်မိသားစုတွေ လွမ်တို့မြို့ကို ရောက်လာမည် ဆိုတာကြောင့်ဖြစ်သည် ။
ထိုအကြောင်းကို ဟွမ်က မပြောထားဘူးလေ ။
ဟွမ့်အဖိုးအဖွားတွေ ၊ ဟွမ့်အဖေနဲ့အမေမိသားစုပါလာမည်တဲ့လေ ။
ဒီနေ့ရောက်မှာတဲ့ ။အမက အိပ်ယာထက်ကထလုပ်ပြီး
ခြေသလုံးထက်တောင် အရှည်ရှိလာပြီဖြစ်တဲ့
သူမရဲ့ ဆံပင်အရှည်ကြီးကို စုကာ ထုံးလိုက်သည် ။
အမက ဆံပင်ကို ဂရုတစိုက်ရှိတာကြောင့် ဆံပင်အရှည်က ခါးကနေ အတူတူနေလာတဲ့ သုံးနှစ်အတွင်း သိသိသာသာရှည်ကျလာသည် ။
ဟွမ်ကသာ ကျောလည်လောက်ပဲရှိသေးတာဖြစ်၏။အတူတူဖြတ်သန်းလာတဲ့ သုံးနှစ်အတွင်း ရန်ဖြစ်တာတွေရှိသည် ။ နှစ်ယောက်သား စိတ်ဆိုးပြီး မခေါ်ကြတာတွေလည်းရှိသည် ။ သို့ပေမယ့် ရန်ဖြစ်တာက သိပ်မကြာ အလွန်ဆုံးကြာ ၃ရက် တည်း ။ ဟွမ်က အမနဲ့မခေါ်ပဲ မနေတတ်သလို ။
အမကလည်း ဟွမ့်ကို ကြာကြာစိတ်မဆိုး ။
နှစ်ယောက်အတူတူ အားလပ်ရက်တွေမှာ ခရီးအတူထွက်ကြသည် ။
ဘုရားဖူးတွေသွားကြသည် ။
နှစ်ယောက်တည်းဆိုတော့ လွတ်လပ်သည် ။
တစ်နေ့တစ်နေ့ အချစ်လျော့လာတာမရှိပဲ ။
နှစ်ယောက်လုံးက အချစ်တွေ တိုးလာကြတာချည်းပါပဲ ။🍀🍀🍀🍀🍀🍀🍀🍀🍀
“ ဟွမ်ရေ...မာမီတို့လာပြီဝေ့ ”
ESTÁS LEYENDO
ချစ်သော နန်း နှင့် ဟွမ် ( Completed )
RomanceBoth Zawgyi & Unicode ရှမ်းပြည်ကြီးမှာ စတင်ဆုံတွေ့ခဲ့ကြ တို့နှစ်ယောက်၏ ချစ်ခြင်းအစ နန်းလွမ်ရင် 🌻 ဟွမ်ပန်းခမ် * ဤfictionရှိအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှု သက်သက်သာဖြစ်ပါကြောင်း... တစ်နေရာရာတိုက်ဆိုင်မှုရှိခြင်း ရှိပါက စာရေးသူ၏ညံ့ဖ...