Unicode
တစ်နှစ်တစ်ခါမှ ပြုလုပ်သော ဘုရားပွဲတော်က သိပ်ကိုစည်ကားလှသည် ။
လျှောက်လမ်း တစ်လျောက် ပျံကျဈေးသည်တွေ၊ လှည်းဖြင့် တစ်ဖက်ရွာမှ ရောက်ရှိလာသော ဈေးသည်တို့က အများအစား ။
အမျိုးသမီးတို့ကလည်း ကျက်သရေရှိရှိ ဝတ်စားထားပုံက လူတိုင်း သဘောကျနိုင်သည် ။“လူချင်း မကွဲစေနဲ့နော်..လက်တွဲထား ”
ပြောရင်း ဟွမ်က လွမ့်ရဲ့လက်ကို ဆုပ်ကိုင်လာလေတယ် ။
တစ်ကယ်...လွမ်က ကလေးလည်းမဟုတ်ပဲ
ဟွမ်ကိုက စိတ်မချဖြစ်နေတာ ။“မုန့်ဟင်းခါးပူပူလေးနော် ”
“အကြော်ပူပူလေးလည်းရမယ် ”
ဘုရားပွဲတွင် အကြော်အလှော်နံ့တွေ၊ သီချင်းသံတွေက ဈေးသည်တွေရဲ့အသံတွေက ပျံ့လွင့်နေကြသည်။
အစည်ကားဆုံးပွဲတော်တစ်ခုပေမို့ လူတိုင်းက မအားလပ်လည်း ရှိသည့် အချိန်ထဲမှ အနည်းငယ် ဖဲ့ပြီးလာကြစမြဲ ။“ဆရာမလေး လှလိုက်တာ၊ အရေးပိုင်လေးလည်း ဒီလိုဝတ်တော့ ဗမာမလေးကျနေရောပဲ ကျက်သရေရှိလိုက်ကြတာ ”
ထိုသို့ပြောလာသူက စမ်းရေအေးဆိုသည့် ထမင်းဆိုင်ပိုင်ရှင် အဒေါ်ကြီးပါပင် ။
သူမလည်း ရွှေတွဲလဲ ငွေတွဲလဲဖြင့် မျက်စိကျိန်းအောင်ပင် ပြင်ဆင်ထားလေ၏ ။“ဒေါ်ဒေါ်က ပိုတောင် လှပါသေးတယ်”
အမလွမ်က သဘောကောင်းနေကျ သူမရဲ့စိတ်အတိုင်း ထိုအဒေါ်ကြီးကို ကောင်ကောင်းဧည့်ခံစကားပြောနေလေရဲ့ ။
လွမ့်ချီးကျူးစကားကြားတော့ ထိုအဒေါ်ကြီးက မျက်နှာတပြုံးပြုံးနှင့်ပန်းတွေပွင့်သွားလေသည်။
ထိုအဒေါ်ကြီးက အရမ်းစကားများသည် ။
တစ်ခုခုပြောလျှင် မဆုံးတော့ပဲ ထိုအရာနှင့် ဆက်စပ်သည့် အရာတွေပါ ထပ်ပြောလာသည်။
အမလွမ်ကလည်း သဘောကောင်းသည်မို့ စကားစက မပြတ်ပေတော့ ။“ကဲ သမီးရေ အဒေါ်သွားဦးမယ်..နောက်မှ ဒေါ်ဒေါ်သားနဲ့မိတ်ဆက်ပေးဦးမယ်နော် ”
“ဝောာ်ပါ..အမလွမ်က အပျိုကြီးလုပ်မှာ ”
သူ့သားနှင့် အမလွမ်ကို လမ်းကြောင်းဖောက်နေသလိုဖြစ်တာကြောင့်
ဟွမ်...ထိုအဒေါ်ကြီးကို ဘောက်ဆတ်ဆတ်ပြောရင်းသာ အမလွမ် လက်ကို ဆွဲရင်း ထွက်လာခဲ့တော့သည် ။
အမကတော့ ပါးစပ်ကို လက်လေးနှင့်အုပ်ပြီး ရယ်လျှက်...
YOU ARE READING
ချစ်သော နန်း နှင့် ဟွမ် ( Completed )
RomanceBoth Zawgyi & Unicode ရှမ်းပြည်ကြီးမှာ စတင်ဆုံတွေ့ခဲ့ကြ တို့နှစ်ယောက်၏ ချစ်ခြင်းအစ နန်းလွမ်ရင် 🌻 ဟွမ်ပန်းခမ် * ဤfictionရှိအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှု သက်သက်သာဖြစ်ပါကြောင်း... တစ်နေရာရာတိုက်ဆိုင်မှုရှိခြင်း ရှိပါက စာရေးသူ၏ညံ့ဖ...