အမုန်းရဲ့ အနီးတစ်ဝိုက်
အပိုင်း ( ၁)
''ဟာကွာ . . .ကားတွေကလဲ ပိတ်လိုက်တာ. . .
'မ'တော့ စောင့်ရလို့ ဒေါသထွက်နေတော့မှာပဲ. . .Fluke ကားကို အမြန်မောင်းပြီး ကျောင်းသို့လာခဲ့သည် ။
ကားတွေကကြပ် မနက်က အိပ်ယာထကနောက်ကျနှင့် ယခုမှမအပြေးအလွှား လာခဲ့ရသည် ။
Fluke အိပ်ယာထ နောက်မကျတဲ့နေ့မရှိသလောက်ပင် ။
ပြီးတော့ ဟိုဟာမေ့ ဒီဟာမေ့ ပြန်ယူနှင့် အချိန်က ကြာသထက်ပိုကြာတက်သေးသည် ။
သူကျောင်းကိုရောက်တော့ 'မ ' ကို အပြေးအလွား ရှာရပြန်သည် ။ တွေ့ပါပြီ သူရဲ့ 'မ '
တေးသံသာ ဆိုတဲ့ မက အပြာရောင် ဝမ်းဆက်လေးကို ခေတ်မှီ ဒီဇိုင်း ဖြင့် ချူပ်လုပ်ထားသည့် မြန်မာဝတ်စုံလေးကိုဝတ်ထားပြီး ရှည်လျှား လှပသည် ဆံနွယ်တွေက လေ အဝှေ့မှာပျံဝဲနေသည် ။
Fluke မရဲ့ အရှေ့ကိုရောက်တော့ ပြေးလွှားထားရတာကြောင့် မောဟိုက်နေပြီဖြစ်သည် ။"ဟောဟဲ ဟောဟဲ. . . .မ. . . .အဟဲ. . . . စောင့်နေရတာကြာပြီလား. . . .
Fluke မေး လိုက်တော့ မ ဆီမှ လှပတဲ့ မျက်စောင်းက fluke ဆီ ဒိုင်းကနဲရောက်လာသည် ။
''အဟဲ မ စိတ်တိုနေပြီထင်တယ်. . . .
ကားတွေပိတ်နေလို့ပါ မ ရဲ့. . .''အိပ်ယာ ထနောက်ကျနေတာမဟုတ်လား. . . .
''မ ကလဲ နည်းနည်းလေးပဲနောက်ကျတာပါ တကယ်ပါ ကားပိတ်နေတာ. .
''တော်ပါတော့ ဆင်ခြေ ဆင်လက်တွေ. . . .
''ဒါနဲ့ မ အရေးကြီးပြောစရာရှိတယ်ဆိုတာက. . .
''ထိုင်လိုက်ဦး. . .
''ဟုတ်ကဲ့ 'မ'. . . .
မ ဘာစားပြီးပြီ လဲ တစ်ခုခုသွားစားကြမလား. . .''မစား တော့ ဘူး အိမ်ကစားလာတယ်. . .
''မ ဘာပြောမလို့လဲ. . . .အရေးကြီးတယ်ဆိုလို့ . . .
'' လမ်းခွဲရအောင်. . .
''ဟင်. .!!!
Fluke မျက်လုံးတွေပြူးသွားသလို အရမ်းလဲ အံအားသင့်သွားသည် ။
သူ နားကြားမှားသွားခဲ့တာလား. . . .''မ. . . မ . . . .ဘာပြောလိုက်တယ်. . .
''လမ်းခွဲရအောင်လို့ပြောတာ. . .
YOU ARE READING
အမုန်းရဲ့ အနီးတဝိုက်
Romanceဒီ ဝထ္တု လေးကတော့ အရင်က fbမှာ တင်ပြီးသား ပါ ယခုတော့ boy love ပုံစံ ဇတ်အိမ် ပြောင်းလိုက်တာပါ။ ohmfluke fan fic တစ်ပုဒ်လဲ ဖြစ်တာမို့ my blue တွေ ကြိုက်နှစ်သက်မယ်လို့ မျော်လင့်ပါတယ် (Un/Zg)