အမုန်းရဲအနီးတဝိုက်

509 28 0
                                    

အမုန်းရဲ့ အနီးတဝိုက်

အပိုင်း (၂၄)

အားခနဲ အလန့်တကြား fluke အော်ပစ်လိုက်ရင်း စောင်ကို ပြန်ဆွဲယူပြီး ကိုယ်ပေါ်တင်လိုက်သည်။ ပြီးတော့ ထိပ်လန့်စွာအခန်းကိုလှည့်ပတ်ကြည့်မိသည် ။ ဒါက ဘယ်နေရာလဲ ။  သူ့ ကိုဘာလို့ဒီအခန်းထဲ ထည့်ထားတာလဲ ။ ဘယ်သူက ဒီခေါ်လာတာလဲ ။မေးခွန်းများစွာဖြင့် fluke ဝေ့ဝဲကြည့်ပေမယ့် သက်သေခံစရာ ဘာတစ်ခုမှအခန်းထဲမှာရှိမနေခဲ့ပါ။
သူမအော်လိုက်ပြီး သိပ်မကြာခင် အပြင်က ပြေးလာသံတစ်ခုကြားလိုက်ရသည် ။

''ရှပ် ရှပ် ရှပ်. . . .

''ဂျလောက်. . . .

တံခါးဖွင့်သံနှင့်အတူ ဝင်လာသည့်လူတစ်ယောက်. . . . . .
သူ့ ကိုယ်ပေါ်မှာလဲ fluke ဝတ်ဆင်ထားသည့် ညဝတ်အကျီပုံစံ  တစ်ပုံ စံထဲဝတ်ဆင်ထားပြီး အခန်းထဲလှမ်းဝင်လာသည်။

''Fluke. . . .နိုးလာပြီလား. . .  ဘာဖြစ်လို့လဲ မင်းထအော်တော့ ကိုယ်ဖြင့် လန့်သွားတာပဲ ဘာများဖြစ်လဲ လို့. . . .

''ဟင်. . !!. . .နင်. . . နင်. . . .ဘာလို့နင်ဖြစ်နေတာလဲ. . . .

Fluke  မြင်လိုက်ရတာက အပြုံးမျက်နှာဖြင့် သူ့  ဆီလှမ်းလာနေသည့် ohm   . . .
Fluke မျက်နှာက ချက်ချင်းဒေါသကြောင့်နီမြန်းလာသည် ။fluke နဲ့သူ ဘာဖြစ်သွားခဲ့တာလဲ ။  ဘာလို့သူကလဲ ဒီလိုည ဝတ်အကျီနဲ့ရှိနေရတာလဲ . . .မဟုတ်မှ ငါ့ ကို. . သူ. . .သူ. . . . .မဖြစ်နိုင်ဘူး. . .မဖြစ်ရဘူး. . . . အဲ့ဒီလူနဲ့မှ မဖြစ်ရဘူး. . . .

''နင်. . နင်. . . .နင် ငါ့ကို ဘာလုပ်တာလိုက်တာလဲ
ငါ့ကို ဘယ်ခေါ်လာတာလဲ. . ဘယ်ကိုရောက်နေတာလဲ. . 

Ohm က ဘာမှမဖြေပဲပြုံးပြီးအနားလျှောက်လာလျှက် fluke ဘေးမှာ ဝင်ထိုင်သည် ။

''ဘာလို့ မေးခွန်းတွေအရမ်းများနေတာလဲ . . .
ခေါင်းကိုက်နေလား ဆေးရှိန်ကြောင့် ခေါင်းမူးတာ ခေါင်းကိုက်တာဖြစ်နိုင်တယ်တဲ့ ရော့ လာ ရေနည်းနည်းသောက်လိုက်. . . .မင်း . .သက်သာအောင်. . .

''မသောက်ဘူး နင် ငါ့နား မလာနဲ့. . . .

''ဘာဖြစ်လို့လဲ ရော့ပါ . .  သောက်လိုက်ပါ. . . .

အမုန်းရဲ့ အနီးတဝိုက် Donde viven las historias. Descúbrelo ahora