အမုန်းရဲ့ အနီးတဝိုက်
အပိုင်း ( ၆)
"တီလေး . . .
''ဘာလဲ. . . .
''ဒယ်ဒီပြန်ရောက်နေပြီလား. . . .
''ပြန်ရောက်နေပြီ . . . . ရောက်ထဲက မေးနေတာပြောထားရဲ့သားနဲ့ ကားနဲ့ဆိုင်ကယ် ပြန် လိုချင်ရင် အိမ်မှာ ဖင်မြဲမြဲ နေပါလို့ . .
''တီလေးကလဲ fluke က ကားလဲမရှိဘူးလေ ဒီလောက်တော့ကြာမှာပေါ့. .
''လိမ်ဖို့မကြိုးစားနဲ့ . . . ဘယ်သဝေထိုးနေတာလဲ. . .
''တကယ်ပါဆို တီလေးကလဲ ကျောင်းကဆင်းပြီးတော့ ဗိုက်ဆာလို့ မုန့်ဝင်စားနေတာ. .
''မုန့်ဝင်စားတာဟုတ်လို့လား တေးသံသာနောက်လျောက်လိုက်နေပြန်ပြီလား. . . .
''မဟုတ်တာ မလိုက်ပါဘူးတီလေး ကလဲ. . . .
'' အခြားသူကို ညာလို့ ရ ရင်ရမယ် ဒီ အဒေါ်ကိုညာလို့ ရမယ်မထင်နဲ့ . . . . .
''တီလေးကလဲ. .
''မနေ့ကပဲ အာပေါက်ခါနီးအထိရှင်းပြပြီးပြီ . . . ဘာလို့ခေါင်းမာနေသေးတာလဲ. . . .
''ဟုတ်ပါပြီ ဒေါသမထွက်ပါနဲံတော့ တော်ကြာ တီလေး အသက်ထက် အရွှယ်တွေကျကုန်ပါ့မယ် . . . ကျွန်တော်
ရေသွားချိုးတော့မယ် . . ချစ်တယ် တီလေး မွမွ. . .''ဖယ်စမ်းပါ ငါ့ကိုမထိနဲ့. ....
မထိနဲ့ဆိုတာတောင် အတင်းနမ်းပြီးထွက်ပြေးသွားသေးသည် ။
Fluke အခန်းထဲရောက်တော့ လန်းသွားအောင် ရေချိုးလိုက်သည် ။ ပြီးတော့ ညနေက အဖြစ်ကို ပြန်တွေးမိရင်း လှစ်ခနဲပြုံးလိုက်မိသည် ။ညနေက တွေ့ခဲ့သည့် စွမ်းထက်သာက တကယ်ပဲသူလား ။ အဆိုတော်လား . . . စပ်စုချင်စိတ်ကြောင့် ဖုန်းကိုဖွင့် fb မှာ နာမည်ရိုက်ရှာလိုက်သည် ။တွေ့ပါပြီ စွမ်းထက်သာ ဆိုသည့် နာမည်တွေ အင်္ဂလိပ် လိုတွေရော မြန်မာလိုတွေရော ။ သူ့ ကိုယ်ပိုင် acc နှင့် အခြား fan တွေဖွင့်ထားသည့် acc တွေဖြစ်ဟန်တူသည် သူ့နာမည်နှင့်အတော်များများတွေ့ရသည် ။
ဓာတ်ပုံကိုထောက်ကြည့်လိုက်တော့ ။
ဟုတ်ပါသည် ညနေက fluke တွေ့ခဲ့သည် အကိုပါပဲ ။ဒါကြောင့် ချောလွန်းပါတယ်ထင်နေတာ ။တကယ်လဲနာမည်ကြီးတစ်ယောက်ပဲကို ။
STAI LEGGENDO
အမုန်းရဲ့ အနီးတဝိုက်
Storie d'amoreဒီ ဝထ္တု လေးကတော့ အရင်က fbမှာ တင်ပြီးသား ပါ ယခုတော့ boy love ပုံစံ ဇတ်အိမ် ပြောင်းလိုက်တာပါ။ ohmfluke fan fic တစ်ပုဒ်လဲ ဖြစ်တာမို့ my blue တွေ ကြိုက်နှစ်သက်မယ်လို့ မျော်လင့်ပါတယ် (Un/Zg)