အမုန်းရဲ့ အနီးတဝိုက်
အပိုင်း ( ၂၁)
5 year Later
[၅နှစ်ခန့်ကြာပြီးနောက်]''ကျော်ဇင်. . . .
''ခင်ဗျာ ဆရာ လာပါပြီ. . . .
''လာပါပြီနောက်ထား လူအရင်လာ. . . .
''ဟုတ်ကဲ့. . . . .
အခန်းထဲပြေးဝင်လာသည့် ကျော်ဇင် က စားပွဲရှေ့လာရပ်သည် ။ ကျော်ဇင်ဆိုတာ သူ့ရဲ့ လက်ထောက် ကောင်လေးပါ အသက် ကလဲ သူနဲ့ ၂ နှစ်သာကွာခြားပြီးသွက်လက်ချက်ချာသူလေးဖြစ်သည် ။
Ohm လက်မှ နာရီ ကို ပုတ်ပြလိုက်ရင်း. . .
''၅ မိနစ်ပဲလိုတော့တယ် ဖိုင်တွေ ဘယ်မှာလဲ. . . .
''အားလုံးအဆင်သင့်ပါပဲဆရာ. . ဒီမှာပါ. . . .
အပြေးအလွား ဖိုက်ထပ်တွေယူပြီး ohm ရှေ့ ပြန်ရောက်လာသည် ။
''ok. . . ဒါဆိုသွားစို့. . .
''ဟုတ်ကဲ့ ဆရာ. . . . .
Ohm က ရုံခန်းထဲက ထွက်လာတယ်ဆိုရင်ပဲ မိန်းကလေး ဝန်ထမ်းတွေရဲ့မျက်လုံးတွေက သူ့ ဆီ သို့တန်းခနဲ ရောက်လာသည် ။
သေသပ်စွာဖီးသင်ထားသည့်ဆံပင် အနက်ရောင်ပြောင်လက်လက်လေးများ အဝေးကပင် မြင်ရသည့် မျက်ခုံးးတန်းထူထူ နှာတန်ဆင်းဆင်း ဖြင့် ယောကျား ပီသ ချောမောသည့် ohm ဟိုးအရင်ကထက် ပိုမိုကြည့်ကောင်းလာခဲ့သည် ။ အပြာရင့်ရင့် အနောက်တိုင်းဝတ်စုံဖြင့် ရှည်လျှားပြီး ကြည့်ကောင်းသည့် သူ့ ခန္ဒာကိုယ်ပေါ်မှာ ရုပ်ရှင်မင်းသားရူံးလောက်သည်အထိ ကြည့်ကောင်းခန့်ညားနေသည် ။''ဝါး ....ငါတို့ ဒု သူဌေးက ချောလိုက်တာ. . . .
''အရမ်းလဲတော်တာ. . .
''ငါတို့ ဒီကုပ္မဏီမှာ အလုပ်လုပ်ခွင့်ရတာ အရမ်းကံကောင်းတာပဲ. . . သူဌေးချောချောလေးကိုအမြဲမြင်ခွင့်ရတယ်
''ဒါပေမယ့် ငါတို့သူဌေးက အရမ်းတည်လွန်းတယ်မထင်ဘူးလား. . . . အရယ်အပြုံး သိပ်မရှိဘူးနော်. . . .
''တည်တာလေးကိုက ချောတာ. . .
''ငါကတော့ရယ်ရင်ပိုချောမယ်ထင်နေတုန်းပဲ နင်ကြည့် သူ့ပုံတွေမှာ ရယ်နေတာကို မရှိတာပါဟယ်. . .
YOU ARE READING
အမုန်းရဲ့ အနီးတဝိုက်
Romanceဒီ ဝထ္တု လေးကတော့ အရင်က fbမှာ တင်ပြီးသား ပါ ယခုတော့ boy love ပုံစံ ဇတ်အိမ် ပြောင်းလိုက်တာပါ။ ohmfluke fan fic တစ်ပုဒ်လဲ ဖြစ်တာမို့ my blue တွေ ကြိုက်နှစ်သက်မယ်လို့ မျော်လင့်ပါတယ် (Un/Zg)