အမုန်းရဲ့ အနီးတဝိုက်
အပိုင်း (၂၈)
''ဟင်. . . .
Fluke မျက်ဝန်းတွေကို ဖျတ်ခနဲဖွင့်ကြည့်လိုက်မိသည်။
အပြင်မှာ အလင်းရောင် ပင်မပြသေးပါ ။
မှန်ပြတင်းက တစ်ဆင့်အပြင်ကို ကြည့်လိုက်တော့ ခြံထဲမှာ လူပ်လူပ်ရွှရွှ အရာများဟို
သည် သွားလာနေကြသည် ။သြော် . . . အားလုံး နိုးနေကြပြီပဲ. . .
Fluke လဲ နိုးလာပြီဖြစ်ပေမယ့် မထသေးပဲ စားပွဲပေါ်ကနာရီလေးကို လှမ်းကြည့်မိသည် ။
နံနက် ၅နာရီ ထိုးဖို့ ၁၀မိနစ်အလို ။
တကယ်တော့ ညကလဲ fluke အိပ်မပျော်ခဲ့ပါ ။
မနက်ဖြန်ဆိုလျှင် လက်ထပ်ပွဲကျင်းပရတော့မှာမဟုတ်လား။ တစ်သက်မှာ တစ်ခါ သာ ဆောင်ခွင့်ရမယ့် မင်္ဂလာပွဲ ။တစ်ခါမှမတွေးခဲ့ဖူးဘူး ဒီလောက်အချိန်တိုလေးအတွင်းလက်ထပ်ဖို့ပေါ့ ။
ကြောက်တာမဟုတ်ပေမယ့် အတွေး ထဲမှရူပ်ရှပ်ခတ်နေသည် ။ သူ ဒီလိုလုပ်လိုက်တာ တကယ်ပဲ ၂ဖက် မိဘတွေ ပြေလည်စေမလား ။
ဒါမှမဟုတ်ပို ပြီး မီးစထိုးပေးသလို ဖြစ်နေမလားဆိုတာတော့မတွေးတက်တော့။''Fluke. . . ရေ. . . ဒေါက်ဒေါက်. . . . Fluke ထသင့်ပြီ..... . .
တီလေးအသံစာစာလေးက fluke အခန်းရှေ့မှထွက်ပေါ်လာသည် ။
''သြော်.... နိုးနေပြီပဲ တီလေးက မနိုးသေးဘူးထင်နေတာ. . . .
''နိုးနေပြီ တီလေး . . .
''ဒါဆိုလဲ ထတော့လေ ဘာတွေတွေးနေတာလဲ. .
တီလေးက fluke ဘေးကိုရောက်လာသည် ။
Fluke ဘာမှမပြောပဲ ခေါင်း ခါပြလိုက်သည် ။
တီလေးက fluke ဆံစလေးတွေသပ်တင်လိုက်ရင်း. . . .''သား ဘာတွေတွေးနေလဲ တီလေးသိပါတယ် . ...
အဲ့တာတွေတွေးပြီး စိုးရိမ်မနေနဲ့ . . .
အရာရာတိုင်းက ဘာဖြစ်ရမယ့် ဘာလုပ်ရမယ် ဆိုတာသတ်မှတ်ပြီးသားပါ ...
တီလေးကြောင့်ဆိုပြီး သား ချစ်တဲ့သူကို လက်မတွဲတာ မဖြစ်သင့်ဘူး . . . သူ အဖေက ဘာဖြစ်ဖြစ် သူမှမဟုတ်တာ . . .တီလေး ကတော့ သား ကချစ်တဲ့သူဆို တီလေးကချစ်ပေးမှာပါ. . . . . ထတော့. . . ရေချိုးထား မိတ်ကပ်ဆရာမ လာတော့မယ်. . . .
ESTÁS LEYENDO
အမုန်းရဲ့ အနီးတဝိုက်
Romanceဒီ ဝထ္တု လေးကတော့ အရင်က fbမှာ တင်ပြီးသား ပါ ယခုတော့ boy love ပုံစံ ဇတ်အိမ် ပြောင်းလိုက်တာပါ။ ohmfluke fan fic တစ်ပုဒ်လဲ ဖြစ်တာမို့ my blue တွေ ကြိုက်နှစ်သက်မယ်လို့ မျော်လင့်ပါတယ် (Un/Zg)