အမုန်းရဲ့ အနီးတဝိုက်

401 30 0
                                    

အမုန်းရဲ့ အနီးတဝိုက်

အပိုင်း (၁၉)

ဒီရက်တွေထဲမှာ fluke ကျောင်းတက်ဖို့ကိစ္စတွေဖြင့် တစ်ချိန်လုံးရူပ်ရှပ်ခတ်နေခဲ့သည် ။
အလုပ်ရူပ်နေသည့်တိုင် online ကိုတော့ပုံမှန်သုံးနေခဲ့သည် ။
သူကိုယ်တိုင်မသိခဲ့တာက သူလဲ ဒီအချိန် ​ေလးတွေမှာပျော်ရွှင်နေခဲ့တယ်ဆိုတာကိုပေါ့. . . .အချိန်မှန် လိုင်းသုံး အချိန်မှန် သူစာပို့လာမှာကိုမျော်နေမိတာကိုရောပေါ့ ။

သံယောဇဉ်ဆိုတာ ဒီလိုက စကြတာပဲလေ ။
အမြဲတမ်း အမုန်းကိုသာရှေ့တန်းတင်ခဲ့ပေမယ့်  သူမကိုယ်တိုင်လဲနားမလည်ဘူး အဲ့ဒီလူကိုဘာကြောင့် ဒီလောက်ထိ မုန်းနေလဲဆိုတာ. .  . .

'' moon ဒီနေ့ လိုင်းသုံးတာစောသားပဲ. . .  

''အင်း နောက်ပိုင်း သုံးဖြစ်မှာမဟုတ်တော့လို့လေ. . 

''ခင်ဗျာ. . .

''သြော် ကျောင်းတွေတက်ရဖို့နီးပြီမဟုတ်လား စာကိုအာရုံစိုက်ချင်လို့ပါ  .   .

''ဟုတ်တာပေါ့. . . . ဒါနဲ့ moon ကိုယ့် ကို  စဉ်းစားပေးတာ ဘယ်လိုလဲ ကိုယ်ဘယ်တော့သိရမလဲ. . . .

'' သိပ်မကြာတော့ပါဘူး ကျောင်းလဲတက်ရတော့မှာပဲ
အဲ့ဒီအခါ moon ရှင့်ဆီ အရောက်လာပြောမှာပါ. . .  

''တကယ်လား moon. . .

''အင်း. . . .

''ပျော်လိုက်တာကွာ. . . .

''အဖြကဘာလဲ မသိသေးပဲ ဘာလို့ အပျော် စောနေတာလဲ. . . .

''အဖြေ က ဖြေးဖြေးပေါ့ ကိုယ့်ဆီလာမယ်ဆိုတာနဲ့တင်ပျော်နေပါပြီ. . . .

''အင်း ဆုံကြတာပေါ့ ကောင်းသော ဆုံခြင်းဖြစ်ဖို့မျော်လင့်ပါတယ်. . . bye. .   .

နူတ်ဆက် လိုင်း out သွားသည့် moon ရဲ့စကားကို ohm နားမလည်လိုက်ပါ ။  တစ်ခါတစ်ရံ moon ရဲ့စကားတွေက ထိုသို့ ထူးဆန်းသည်မဟုတ်လား။
Ohmကတော့ ကျောင်းပြန်တက်ရမည့်အချိန်ကို လက်ချိုးရေ ရင်း အချိန်ကုန်တာနှေးလွန်းသည်ဟုပင်ထင်မိသည် ။

Fluke  လိုင်းပေါ်က ဆင်းပြီးနောက် သူ အမြဲသုံးနေကျ acc ဖြင့် နွေ ကို စာပို့လိုက်သည် ။

အမုန်းရဲ့ အနီးတဝိုက် Donde viven las historias. Descúbrelo ahora