အမုန်းရဲအနီးတဝိုက်

460 29 0
                                    

အမုန်းရဲ့ အနီးတဝိုက်

အပိုင်း ( ၂၃)

''Fluke . . .  

'' ပွင်ဖြူ တို့လာကြပြီလား. .   . 

Fluke ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ ချိန်းထားတာမို့ စားသောက်ဆိုင်တစ်ခုမှာ ထိုင်စောင့်နေရင်း သိပ်မကြာခင်ပဲသူငယ်ချင်းတွေကရောက်လာသည် ။

''နင်စောင့်ရတာကြာသွားပြီလား fluke. . . .

''မကြာသေးပါဘူး သဲအိ ရ . . .
ငါလဲ အခုလေးတင်ရောက်တာ . . .
အလုပ်ကနေတန်းလာတာ. . . . .

''ဟယ် သူဌေး သမီးကလဲ အခုထဲက အလုပ်ထဲတန်းဝင်ပြီတဲ့လား. . . . .

''အေးလေ . . .ပြန်ရောက်တာဖြင့်မကြာသေးဘူး အိမ်မှာနှပ်နေလို့ရတဲ့ဟာ. . . .

''အဲ့လိုမပြောပါနဲ့ဟ . . .. . ငါ့မိဘတွေချမ်းသာတယ်ဆိုရင်တောင် နင်တို့နဲ့မတိမ်းမယိမ်းပါပဲ ပြီးတော့ သူတို့ ချမ်းသာတာ ငါရှာထားလို့ချမ်းသာတာမှ မဟုတ်တာ. . . . .

''ဘာ ဖြစ်ဖြစ်လေ နင် က ကုပ္မဏီ ကို တစ်နေ့ဆက်ခံရမယ့်လူပဲ. . . .

''မပြောပလောက်တဲ့ ကုပ္မဏီသေးသေးလေးပါဟာ. . .

''ဘာဖြစ်ဖြစ်ငါတို့ထက်တော့တော်တာပေါ့
နင်ကိုကြည့်အလုပ်ဆိုငါတို့လို ခတ်ခတ်ခဲခဲရှာစရာမလိုဘူး ဘွဲ့ရ ပညာစုံတာနဲ့အလုပ်တန်းဝင်လို့ရတယ်. . .  
ငါတို့မှာ အလုပ်တစ်ခုရဖို့ ဖောင်တွေဖြည့် လျောက်လွှာတွေတင် လူတွေတွေစစ် စကားပြောတွေတက် အောင်မလေးဟယ် ပြောတာနဲ့တင်ပင်ပန်းတယ်. . . . 

''ဟုတ်တယ် ဟုတ်တယ် ဘွဲ့ရခါ စနှစ်ကဆိုပိုဆိုး  အလုပ်အတွေ့အကြုံကမရှိတော့ အလုပ်လျောက်ရင် အတွေ့အကြုံရှိတဲ့သူပဲဦးစားပေးတယ်
အဲ့ ဒီအတွေ့အကြုံရှိတဲ့သူတွေကလဲ အရင်က ငါတို့လိုအတွေ့အကြုံမရှိတဲ့သူကနေလာတာပဲဟာ ခွဲခြားခွဲခြားနဲ့သိလား. . . 

''ငါလဲ အဲ့ဒီလောက်တော့သိ ပါတယ်ဟ
ငါလဲ ဟိုမှာ အလုပ် ၁နှစ် လုပ်ခဲ့တာပဲဟာ . . . .

''ဒါပေမယ့် နင်က အသိနဲ့ ဝင်တာမဟုတ်လား. . .

''ဟုတ်တော့ဟုတ်တယ်လေ. . . .
ဒါပေမယ့် ဘာတွေ လုပ်ရတယ်ဆိုတာတော့သိပါတယ်နော်. . . . 

အမုန်းရဲ့ အနီးတဝိုက် Hikayelerin yaşadığı yer. Şimdi keşfedin