အမုန်းရဲ့ အနီးတစ်ဝိုက်

547 37 0
                                    

အမုန်း ရဲ့ အနီးတဝိုက်

အပိုင်း ( ၅)

" ohm...မင်း...  ဒါက ဘယ်လဲ. . . .

Ohm အပြင်ထွက်ဖို့ လှမ်းနေသည့်ခြေလှမ်းတွေ ဒယ်ဒီ အသံကြောင့် ရပ်သွားသည် ။

''အပြင်သွားမလို့လေ ဒယ်ဒီ. . . .

''အဲ့တာမင်းပြောမှလားကွ. . . . . .

''ဒယ်ဒီပဲ မေးပြီးတော့  . . . .

''မင် ဒီတိုင်းပဲ နေ နေတော့မှာလားကွ. . . ဟင်. . . အပြင်သွားမယ်  ပျော်မယ် လည်မယ် ရည်းစားထားမယ် ဒါ့အပြင်လုပ် တာ ဘာရှိသေးလို့လဲ. .   . .

''ကျောင်းတက်သေးပါတယ် ဒယ်ဒီကလဲ . .

''မင်းငါ့ကို အထွန့်မတက်နဲ့. . . .
ဘယ်တော့ အလုပ်ကို စိတ်ဝင်စားမှာလဲ
မိဘ အလုပ်ကိုကူရတယ်ဆိုတာရော သိရဲ့လား. . . . 
တစ်နေ့ တစ်နေ့ ရည်းစားတွေ မိူလိုပေါက်အောင်ထားပြီး ဘာတွေလုပ်နေတာလဲ. . . .

''ဒယ်ဒီလဲ  ကျွန်တော်  အရွှယ်တုန်းက ရည်းစားတွေထားခဲ့ တာပဲဟာ. . .ဘေး အိမ်က အန်တီ ခင်မမ တောင်ပါသေးတယ်မဟုတ်ဘူး လား. . .

''မင်းမဆိုင်တာတွေပြောမနေနဲ့. . . . .
ငါ ရည်းစားထားခဲ့ပေမယ့်မင်းလို ပွေရူပ်နေတာမဟုတ်ဘူး.   . .

'' ပြောတာကြားတာတော့ မာမီ က ၆ယောက်မြောက် ရည်းစားဆို. . . . 

''ဘာတွေ လာပြောနေတာလဲ ဘယ် နှစ်ယောက်မြောက်ဖြစ်ဖြစ် မင်းအပူပါလား. . .

'"ကျွန်တော် က သူများပြောတာပြန်ပြောပြတာ ...ကျွန်တော်
ကိုတောင်ပြောနေကြသေးတယ် အဖေတူသားလို့. . .

''မင်းက ဂုဏ်ယူနေတာလား ငါကရည်းစားများခဲ့တယ်ဆိုရင်တောင် မင်းလောက် မဆိုးဘူး အလုပ်ကိုလဲအလုပ်နဲ့တူအောင်လုပ်တာ ကျောင်းကိုလဲကျောင်းနဲ့တူအောင်တက်တာ. . . မင်းလိုအမြဲအလေလိုက်မနေဘူး. . . .ဒီလို အလေပဲလိုက်နေမယ်ဆိုရင်  မင်းကို မြန်မာပြည်မထားဘူး အခြားနိုင်ငံပို့ပစ်မယ်. . . .

''ဒယ်ဒီနော်....ကျွန်တော် မသွားဘူး. . . .

''မသွားဘူးဆိုရင် မင်း အချိုး မင်းပြင်ထား. . . . .

အိမ်က ထွက်ခါနီး ဒယ်ဒီရဲ ပွစိပွစိ စကားသံတွေမဆုံးတော့ ။  ခြံထဲရောက်တော့ ဘာရယ်မဟုတ်  တစ်ဖက်ခြံကို လှမ်းကြည့်လိုက်သည် ။
အုပ်တံတိုင်း မြင့်တာကြောင့် ဘာမှသေချာမမြင်ရ ။ အရင်က  ခြံဆီးရိုးကိုသံတိုင်တွေ ဖြင့်သာ ကာထားခဲ့ပေမယ့်  တစ်ဖက်ခြံက မျောက်လွဲကျော်မနှင့်သူ ခဏခဏ ဟိုဘက်ခြံနဲ့ ဒီဘက်ခြံ ရန်တွေဖြစ် ရေထုပ်တွေနဲ့  ပစ်တော့ အုပ်တံတိုင်း လုပ်လိုက်ရတာဖြစ်သည် ။

အမုန်းရဲ့ အနီးတဝိုက် Nơi câu chuyện tồn tại. Hãy khám phá bây giờ