အမုန်းရဲ အနီးတဝိုက်

452 30 0
                                    

အမုန်းရဲ့ အနီးတဝိုက်

အပိုင်း  ( ၂၂)

'' ဟေး ဦးမင်းရှိန် နောက်ကျတယ်ဗျာ. . . .
ဘယ်မှာလဲ ခင်ဗျား သမီးချော ပြန်ရောက်ပြီဆို. . . 

''ပါလာပါတယ်ဗျာ ကားပါကင်ထိုးနေရစ်ခဲ့တာ. . .

''သြော် ဟုတ်လား ဘယ်လိုလဲဗျ ဒရိုင်ဘာမပါခဲ့ဘူးလား. . .

''အခုလိုပွဲ တွေကျ ဒရိုင်ဘာ လိုက်လာလဲ သူမှမနေတက်တာ ဒါကြောင့် သမီးကပဲမောင်းလာတာဗျ. . . .

''အေးဗျာ သမီးချောလေးပြန်လာပြီဆိုတော့ ပျော်နေမှာပေါ့. . . .

''ဟားဟား ဒီလိုပါပဲဗျာ. . . .

''နိုင်ငံခြားမှာ ဘွဲ့ယူပြီးတာတောင်ချက်ချင်းပြန်မလာပဲ သူတက်ချင်တဲ့သင်တန်း ဆက်တက်နေသေးတာဆို ကြားပါတယ်ဗျာ တော်တဲ့ကလေးမလေးပဲ  ခင်ဗျားတော့ အားကိုးရတော့မှာပေါ့. . . .

''ခင်ဗျားလို သား ၂ယောက်တောင်ရှိတဲ့သူကတော့  ပိုကောင်းတာပေါ့ဗျာ. . . . .

'' ဘယ်လိုလဲ လဲမလား ကျူပ်ကလဲ သမီးမိန်းကလေးလိုချင်နေတာနော်. . .

''ဟားဟား. . . . .

''လာဗျာ ဟိုဘက် စကားအေးဆေးသွားပြောကြတာပေါ့ . . . ဟိုဘက်မှာ ဦးမြတ်ကျော်လဲရောက်နေပြီ. . .

မြတ်ကျော်လို့ ပြောလိုက်သည်နှင့် ဦးမင်းရှိန် ခြေလှမ်းတုံခနဲရပ်သွားသည် ။

''လာလေ ဘာဖြစ်လို့လဲ. . .

''ခဏဗျာ. . . ကျူပ်သမီး ကိုစောင့်ချင်လို့ဗျ. . . .

Fluke က လှပသည့်  အပြာရောင်  ဂါဝန် လေးဖြင့် ခေတ်ဆန်လှပစွာလှမ်းဝင်လာသည် ။ နွေ ကြောင့် ခုလို တွေ ဝတ်တက် လာရတာပေါ့။ မမှစ်သက်ပေမယ့် ဒီလိုတွေ ဝတ်ရင် မိဘတွေ စိတ်ချမ်းသာမယ်လေ။fluke ဝင်လာသည်နှင့်  ပွဲမှာ ရှိသည့်လူအတော်များများက လိုက်ငေးကြည့်နေကြသည် ။ဘိုမလေးတစ်ယောက်နှင့် ဆင်တူလှသည့် fluke ကတော့ ဘယ်သူ့ကိုမှလိုက်ကြည့်မနေခဲ့ပါ ။

''ဒယ်ဒီ. . . .

''လာ သမီး ဒယ်ဒီ စောင့်နေတာ. . . .

ဒယ်ဒီနဲ့ လိုက်သွားရင်းဒယ်ဒီက လုပ်ငန်းရှင့်အချို့ဖြင့်မိတ်ဆက်ပေးသည် ။
နွေ က  fluke ကို လှမ်းသတိပေးခဲ့တာက နင်မမြင်ချင်တဲ့မျက်နှာတွေမြင်ရလိမ့်မယ်တဲ့  ။
ဘာဖြစ်ဖြစ် သူ က စိတ်ကိုပြင်ဆင်ထားပြီးသားပါ ။
အချိန်အတော်ကြာတဲ့အထိတော့fluke မတွေ့ချင်သည့်မျက်နှာမတွေ့သေး ။
ဒယ်ဒီတို့ဆွေးနွေးကြတဲ့ စီးပွားရေးဈေးကွက်အကြောင်းတွေ fluke စိတ်ဝင်စားစွာနားထောင်ရင်း စားစရာတစ်ခုခု ထယူဖို့ထွက်လာခဲ့သည် ။ fluke စားစရာ ယူနေစဉ်မှာပင်.   . . . . .

အမုန်းရဲ့ အနီးတဝိုက် Where stories live. Discover now