အမုန်းရဲ့ အနီးတဝိုက်
အပိုင်း ( ၂၀)
ယခု king and queen ရွှေးချယ်ပွဲလဲပြီးသွားခဲ့ပြီ . . .
အသိအမှတ်ပြု ဓာတ်ပုံရိုက်သူတွေ နှင့်ရူပ်ရှပက်ခတ်နေချိန်
နောင်နောင်တို့ သူငယ်ချင်းတစ်စု ဆွဲခေါ်ရာနောက်သို့ ohm အသက်မဲ့ အရုပ်တစ်ရုပ်လိုပါလာခဲ့သည် ။ အားလုံး စကားမပြောပဲ တစ်ယောက်ပြောချင်တာတစ်ယောက်နားလည်နေကြသလိုငြိမ်သက်နေကြသည် ။ အချိန်အတော်ကြာပြီးနောက် fluke က တစ်ယောက်ထဲ ohm တို့ရှိရာသို့လှမ်းလာနေသည် ။ကျောလည်မရောက်တရောက် ဆံပင်တွေက အဖျားမှာ ခပ်တွန့်တွန့် ကောက်ရုံလေး နှင့် အလည်ခွဲဖြန့်ချထားသည် ။ အဝေးကတောင် နှာတံကော့စင်းစင်းလေးက ထင်းနေသည် ။ ထောင့်ချိုးတွေပေါ်ကာ ပါးလျှပ်လျှပ် နူတ်ခမ်းလေးက အရောင်အနည်းငယ်တင်ထားရုံဖြင့် နီထွေး လှပနေသည် ။ အတုတပ်ထားသလား ထင်ရလောက်အောင် ကော့နက် ရှည်လျှားသော မျက်တောင်တို့က အထင်းသား ။ ပြီးဆော့ စူးရှရှ မျက်ဝန်းတစ်စုံ ။ ကျောမှာ သူမ ပုံစံမျိုးစုံနဲ့ လွယ်နေကျ ကျောပိုးအိပ်လေးကလဲနေရာယူထားသေးသည် ။ fluke အနားမရောက်ခင်မှာပဲ သူငယ်ချင်းတွေက အလိုက်သိစွာထွက်သွားကြသည် ။
Fluke က သူရှေ့မှာ လှပစွာ ဝင်ထိုင်လိုက်သည် ။
ပြောရမယ်ဆိုရင် ဒါက fluke နဲ့သူရဲ့ ပထမဆုံး အကြိမ်မျက်နှာချင်းဆိုင်ထိုင်တာဟုလဲ ပြောလို့ရသည် ။
Fluke က ohm ကို စူးစိုက်စွာကြည့်နေသည် ။ohmကပြန်ကြည့်လိုက်တော့ . .''ဘယ်လိုပဲ ငါပေးတဲ့ နင့်အတွက် လက်ဆောင်လေး ကြိုက်ရဲ့လား ohm . . . . အခုလောက်ဆို ငါ ဘယ်သူလဲနင်သိလောက်ပြီပေါ့. . .
''နင် ဘာလို့လဲ. . .
Ohm ရဲ့ ဘာကိုမေးမှန်းမသိသည့် အမေးစကား fluke က လက်နှစ်ဖက်ကိုဘေးသို့ ဖြန့်လိုက်ပြီး ပခုံးတွန့်လိုက်လျှက်. . . .
''ဘာကို မေးတာလဲ. . . အာ. . . . သေချာမရှင်းသေးဘူးထင်တယ်. . . .
Fluke က အိပ်ထဲမှ ဖုန်း ၂လုံးကိုထုပ်ယူလိုက်ပြီး တစ်လုံးကို အိပ်ထဲပြန်ထည့်လိုက်သည် ။
ပြီးတော့ fb ကိုဖွင့်ပြီး သူ့ရှေ့မှာပင် moon ဆိုသည့် acc ကို ဖျတ်ပစ်လိုက်သည် ။
YOU ARE READING
အမုန်းရဲ့ အနီးတဝိုက်
Romanceဒီ ဝထ္တု လေးကတော့ အရင်က fbမှာ တင်ပြီးသား ပါ ယခုတော့ boy love ပုံစံ ဇတ်အိမ် ပြောင်းလိုက်တာပါ။ ohmfluke fan fic တစ်ပုဒ်လဲ ဖြစ်တာမို့ my blue တွေ ကြိုက်နှစ်သက်မယ်လို့ မျော်လင့်ပါတယ် (Un/Zg)