အမုန်းရဲ့အနီးတစ်ဝိုက်

403 33 0
                                    

အမုန်းရဲ့ အနီးတဝိုက်

အပိုင်း ( ၁၄)

"ဟျောင်. . . . . Ohm မင်းဘာဖြစ်နေတာလဲ စူပုတ်နေတာပဲ
ဘာလဲ အိမ်က ဆူလိုက်လို့လား. . .

''အေးလေ ရုပ်က  အိမ်သာတက်ချင်နေတဲ့ရုပ်နဲ့. . .
Toilet ရှိတယ်လေ သွားသွား .    

''ဟျောင့် စားသောက်နေတာမညစ်ပတ်နဲ့. . . .

''ညစ်ပတ်တာမဟုတ်ဘူး သူ့ကြည့်ပါလား. . .

''မင်းတို့ကောင်တွေ အတော်နားညီးတာပဲ. . .  

''ငါတို့ကနားညီးတယ် ဟုတ်လား မင်းကအဲ့တာဆို ဘာလို့ပါးစပ်ကြီးပိတ်ပြီးဆူပုတ်ထိုင်နေတာလဲ. . . . . 
ဘာတွေအလိုမကျဖြစ်နေတာလဲ. . . .

''မင်းတို့နဲ့မဆိုင်ပါဘူး စားစရာရှိတာစားစမ်းပါ. . . .

''ဘာလဲကွာ မင်းပဲ ဒီဆိုင် ကို ခေါ်လာတာလေ
Onlineမှာတွေ့တာ လှလို့ဆိုပြီး လာချင်လှပါချဉ်ရဲ့ဆိုပြီး ခုကျ ဘာဖြစ်နေတာလဲ. .   .  

''ဘာမှမဖြစ်ပါဘူးဆို.   .. .  

''ဘာလဲ မင်းတစ်ယောက်ထဲရှင်းရမှာဆိုးလို့လား . . . ငါတို့လဲ ရှင်းမှာပါ. . .

''အေးလေကွာ. .  

၄ယောက်သား အတိုင်အဖောက်ညီညီ ohm ကို ပြောနေကြသည် ။ ဒီ အပတ်တော့ သူငယ်ချင်း၅ယောက်လုံး စုံစုံညီညီ ရှိနေသည် ။နောင်နောင်   ဖြိုးမင်း   သူရ  နိုင်ထူး
အားလုံး  တစ်ခါမှမလာဘူးတဲ့ဆိုင်လေးတစ်ဆိုင်ကိုသဘောကျလို့လာခဲ့ကြတာဖြစ်သည် ။

''ရော့ ဒီမှာ ပိုက်ဆံအိပ် . . .အန် ထွက်မလာမချင်းစားလို့ရတယ်. . . . .
မင်းဆို့ ၄ယောက်သာ အသံတွေအရမ်း မကျယ်နဲ့. . . .

ဖြိုးမင်း ကပိုက်ဆံအိပ်ကိုကောက်ယူလိုက် ပြီး. .  

''သားကြီး ရက်ရောလှချဉ်လား. . .အကုန်သုံးလိုက်ရမလား.   . . 

''သဘောပဲ. .     

သဘောပဲဆိုပေမယ့် မူံကုပ်နေသည့်မျက်နှာကြောင့် သူငယ်ချင်း ၄ယောက်ကပိုစိတ်ဝင်စားလာကြသည် ။

''ဒီကောင်ဒီနေ့ ဆေးစားမှားလာတာလား. . . .

''မဟုတ်ဘူး ဆေးမလူပ်ပဲသောက်မိလာတာ . . . .

အမုန်းရဲ့ အနီးတဝိုက် Donde viven las historias. Descúbrelo ahora