အမုန်းရဲ့ အနီးတစ်ဝိုက်

513 29 0
                                    

အမုန်းရဲ့ အနီးတဝိုက်

အပိုင်း (၂၅)

''မင်းလို အမျိုးယုတ်ကောင်စကား ငါကဘာလို့ နားထောင်ရမှာလဲ မင်းတို့ရိုးသားတယ်ဆို ဘာလို့ခြံထဲကနေမထွက်ရဲတာလဲ. . ဘာလို့ တံခါးမဖွင်ပေးရဲတာလဲ. .   

''အဲ့တာက သူဌေး. . . .

ခြံစောင့် ကောင်လေးက သူဌေးကိုပြန်ကြည့်ပြီး ၂ယောက်ကြားမှာ စကားတွေထစ်ငေါ့နေသည် ။

''ဖွင်ပေးလိုက်  သူစိတ်ကျေနပ်အောင်ဝင်ရှာပါစေ. . . .

သူဌေး ရဲ့အမိန့်ရသည်နှင့် ခြံစောင့်ကောင်လေးက တံခါးဖွင့်ပေးလိုက်သည် ။ ခြံတံခါးပွင့်သွားသည်နှင့် ဦးမင်းရှိန်က ခြံထဲသို့  ခပ်မြန်မြန်ပဲဝင်ပြီး အိမ်ဆီသို့ လှမ်းသွားသည် ။ မိန်းမဖြစ်သူက . . . 

''ရှင်ဘာလို့ဒီလောက်လောနေတာလဲ စိတ်လျှော့ပါဦး
မဟုတ်ပဲ စွပ်စွဲမိရင်ရှင်ကမူးရူးတိုးနိုင်ပုံနဲ့ဆို အသရေဖြတ်မူနော် သတိလဲထားပါဦးရှင်.   .  

ဦးမင်းရှိန်က ဂရုမစိုက်တကယ်ပင်အိမ်ထဲရှိသမျှအခန်း အကုန်လိုက်ဝင်ကြည့် ပြီးမှပြန်ထွက်လာသည် ။

''ဘယ်လို လဲ ရှာတွေ့ခဲ့လား မင်းရဲ့သမီး ဒီအိမ်မှာရှိမှပဲ မင်း ၇အိမ်ကြား ၈အိမ်ကြားအော်ခေါ်နေတာ  မေ့ဆေးပေးခံထားရမယ်ဆိုရင်တောင်လန့်နိုးလာမှာပဲ. . . .

'' ဟုတ်တာပေါ့ မင်းတို့ဒီအိမ်မှာဘယ်ထားမလဲ မင်းသားလဲ အိမ်မှာမရှိဘူးဆိုတော့ မင်းသား ခေါ်ထုပ်သွားလို့ပေါ့  အခု လိုက်ဖွင့်ပေးမင်းတို့စက်ရုံ. . . 

''ဟ. . ငါ့ စက်ရုံ ဘာသွားလုပ်ရမလဲ သွားချင်ရင်မင်းဘာသာသွား  အချိန်တိုင်းလူတွေရှိတယ် ၂၄နာရီ  ဖွင့်ထားတာ. . . .

''ဘာ လူတစ်ယောက်တောင် မရှိပဲ အချိန်တိုင်းဖွင့်ထားတာလဲ. .

''လူတစ်ယောက်မှ မရှိဘူး မဖြစ်နိုင်တာ ငါ့စက်ရုံမှာ ညဆိုင်းပါရှိတဲ့ အတွက်လူမှမပြတ်တာ  မင်းမှားနေပြီထင်တယ်. . . .  

''ဘာကိုမှားရမှာလဲ လိပ်စာက(. . . . . ). . . .

ဦးမင်းရှိန်က စက်ရုံလိပ်စာပြောလိုက်သည့်အခါမှာတော့ ဦးမြတ်ကျော် က. .    

အမုန်းရဲ့ အနီးတဝိုက် Wo Geschichten leben. Entdecke jetzt