Chapter-1

12.8K 320 2
                                    

ယူနီကုတ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ယူနီကုတ်

"ဒါ ငါ့အိမ်မဟုတ်ဘူး...."

"ရယ်လီအာနာ မတ်ခ်မင်လန် မဟုတ်ဘူး...ငါ့နာမည်က ပတ်အွန်းဟ.."

"အခုရောက်နေတဲ့နေရာက ဝတ္ထုထဲက ကမ္ဘာ....."

၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ ၁၈ရက်

စာကြည့်တိုက်မှာ ကောလိပ်ဝင်ခွင့်ရလဒ်ကို စောင့်ရင်း အချိန်တွေကုန်နေခဲ့တဲ့ ကျွန်မ ပါ့ခ်အွန်းဟ..

လိုချင်တဲ့ကောလိပ်ကိုတက်ခွင့်ရဖို့ အထက်တန်းကျောင်းမှာ နောက်ထပ်တစ်နှစ်တက်ပြီးကြိုးစားခဲ့ပေမယ့်လည်း ရလဒ်တွေက ကျေနပ်စရာအခြေအနေမှာ မရှိခဲ့ဘူး။ ဒီအချိန်ရောက်လာတဲ့အခါ ဘာကိုစဥ်းစားရမှန်းကို မသိတော့ဘူး။

ဘဝဆိုတာ ဘာလဲ...
ဒီလိုစိတ်ရှုပ်နေတဲ့အခိုက် တစ်စုံတစ်ယောက်က ကျွန်မကို စကား လာစပြောခဲ့တာပေါ့။ ကျွန်မတို့ဘာတွေပြောနေခဲ့ကြလဲဆိုတာကို ဘယ်လိုပဲ ပြန်တွေးတွေး မမှတ်မိနိုင်ဖြစ်နေတယ်။ အဲ့ဒီအကြောင်းအရာက ဒီဝတ္ထုကမ္ဘာကြီးနဲ့ပတ်သက်တဲ့ သဲလွန်စဖြစ်နိုင်တာမို့လေ။ ဘယ်လောက်ပဲ ခေါင်းခြောက်အောင်စဥ်းစား....အဲ့လူရဲ့မျက်နှာ၊ အသံ၊ဘာတစ်ခုကိုမှ မမှတ်မိနိုင်ဘူးဖြစ်နေတယ်။ ကျွန်မမှတ်မိတာက အဲ့လူစိမ်းအပေါ် ကျွန်မရဲ့နားလည်မှု၊ သိချင်လိုစိတ်နဲ့ သူနဲ့စကားပြောရတာ ပျော်စရာကောင်းခဲ့တယ် ဆိုတာလောက်ပါပဲ။

ကောလိပ်ဝင်ခွင့်ရကြောင်းစာတိုကို ကျွန်မဖုန်းမှာ ဖတ်အပြီး ဝမ်းသာအားရခုန်ပေါက်မယ့်အချိန်မှာ ကျွန်မကို သူ တွန်းချလိုက်တယ်။ ကျွန်မတို့ရှိနေတာက စာကြည့်တိုက်ရဲ့ခေါင်မိုးအထပ်မှာပေါ့။ လေထဲလွင့်ပျံရင်း ငယ်ငယ်က ကျွန်မကို အသက်ငယ်ငယ်နဲ့သေလိမ့်မယ်လို့ နိမိတ်ဖတ်ခဲ့တဲ့အကြားအမြင်ဆရာမရဲ့ပုံရိပ်နဲ့အသံဟာ ကျွန်မအာရုံမှာ ဖျတ်ခနဲပေါ်လာတယ်။

The Reason Why Raeliana Ended Up At Duke's Mansion(Myanmar Translation)Where stories live. Discover now