Chapter-5

1.8K 192 0
                                    

Unicode

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Unicode

နိုအာနဲ့တွေ့ပြီး နောက်နေ့ မနက်ခင်းမှာ ရယ်လီအာနာတစ်ယောက် အရက်နာကျခေါင်းကိုက်ပြီး အိပ်ရာထဲ လူးလိမ့်နေပါတယ်။

"ဒေါက် ဒေါက်"

"ဗဲနီယာရေ ကျွန်မ နည်းနည်းလောက် ထပ်အိပ်ပါရစေနော်"

"လေဒီရယ်လီအာနာ ထပါတော....လေဒီ့ဧည်သည့်တစ်ယောက် ရောက်နေလို့ပါ"

"ဧည့်သည်?...ကျွန်မ အိပ်ရာမထနိုင်အောင်ကို အရမ်းပင်ပန်းနေလို့ သူ့ကို ပြန်ခိုင်းလိုက်ပါတော့"

"ဧည့်သည်က ဂျုအမတ်မင်း ဝင့်ခ်နိုက်ထ်ပါ မမလေး"

"ဘာ.....ဘယ်သူ"

"ဂျုအမတ်မင်း ဝင့်ခ်နိုက်ထ်က မမလေးနဲ့ တွေ့ချင်လို့ပါတဲ့"

"ဒီချိန်ကြီး ဘာလို့လဲ...အား"

မနေ့က ဘာတွေးပြီး အဲ့လို့တွေပြောခဲ့မိတာပါလိမ့်။ ခုမှတော့ မထူးတော့ဘူး။ စမိတဲ့ဇာတ် ပြီးအောင်ကရတော့မှာပဲ။ သူက ဂျုအမတ်မင်းဖြစ်နေလည်း ကျွန်မအိမ်မှာတော့ ကျွန်မကို မကောင်းတာ ဘာမှ မလုပ်လောက်ပါဘူး။

သူ့လျို့ဝှက်ချက် သိနေတဲ့အကြောင်းနဲ့ ဘရွတ်ခ်စ်နဲ့စေ့စပ်ထားတာ ဖျက်သိမ်းဖို့ ပူးပေါင်းဆောင်ရွက်ချင်တဲ့အကြောင်း သေသေချာချာ ရှင်းပြဖို့ပဲ လိုတာ။

"ဗဲနီယာ...ကိုယ်ကျပ်အတွင်းခံကို မဝတ်လို့ရလား....မအီမသာကြီးဖြစ်နေလို့လေ"

"မဝတ်ပဲ နေလို့ မရပါဘူး မမလေး"

"T T"

************************************

"မ...မမလေး... ဂျုအမတ်မင်း ဝင့်ခ်နိုက်ထ် ဧည့်ခန်းမှာ စောင့်နေပါတယ်"

The Reason Why Raeliana Ended Up At Duke's Mansion(Myanmar Translation)Where stories live. Discover now