Chapter-17

1.3K 169 3
                                    

Unicode

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Unicode

"ဟုတ်ပါတယ်....အရင်က ကျွန်မ ဒီဘာသာရပ်တွေကို သင်ယူဖို့ အခွင့်အရေးမရှိခဲ့ပါဘူး...ဒါပေမယ့် ကံကောင်းစွာနဲ့ အခုတကယ်သင်ကြည့်တဲ့အခါ ဘာသာရပ်တွေအားလုံးက အခြေခံအဆင့်လောက်ပဲမို့ ကျွန်မအတွက် မခက်ခဲတော့ဘူးလေ.. အခြေခံထက်အဆင့်မြှင့်တာမျိုးဆိုရင် အချိန်တိုအတွင်းမှာ ဒီလောက်အများကြီး ဘယ်သင်ယူနိုင်ပါ့မလဲ... တာထွက်နောက်ကျခဲ့ရသူမို့ ကျွန်မ အပြင်းအထန်ကြိုးစားခဲ့ရတယ်... အခုတော့ အများနည်းတူ စာလိုက်နိုင်ခဲ့ပါပြီ...ကျွန်မရဲ့ကြိုးစားမှုတွေ အရာထင်ခဲ့ရလို့ ဝမ်းသာမိပါတယ်"

ဒီသင်ခန်းစာတွေ ဒီလောက်လွယ်တာကို ရှင်က ဘယ်လိုတောင် အပျင်းထူနေလို့ ခုထိ မလိုက်နိုင်ဖြစ်နေရတာလဲ ဗီဗီယန်?

"ကြည့်ရတာ နောက်ပေါက် အက်စတိုဒါအမျိုးသမီးတွေက ကိုယ့်ကိုယ်ကို ယုံကြည်မှု အတော်ရှိကြသားပဲ"

သဘောက ကိုယ့်အဆင့်ကို သဘောပေါက်ပြီး လူတတ်ကြီးမလုပ်ပြနဲ့လို့ ဒီမိန်းမက ဆိုလိုချင်တာကိုး!

"ဘုရင်မင်းမြတ်က အမျိုးသမီးတွေအဆင့်အတန်းကို ပိုမြှင့်တင်ပေးခဲ့တာမို့ ကျွန်မတို့မျိုးဆက်က ရည်မှန်းချက်ကြီးတာ အဆန်းမဟုတ်ဘူးထင်ပါတယ်...မဟုတ်ဘူးလား လေဒီ ဗီဗီယန်?..
ဒါပေမယ့် ရှေ့မျိုးဆက်တွေကတော့ ကျွန်မတို့ကို ရဲတင်းတယ်လို့ မြင်ကြမယ်ထင်ပါတယ်....ရည်မှန်းချက်ကြီးတာကလည်း ကျွန်မတို့မျိုးဆက်ရဲ့စရိုက်မို့ နားလည်ပေးဖို့ မျှော်လင့်ပါတယ်"

အခုခေတ်မှာ ဘယ်သူက ကိုယ့်ကိုယ်ကို နှိမ့်ချပြောကြလို့လဲ ဗီဗီယန်? ခေတ်ရေစီးကြောင်းကို သိစမ်းပါ။

The Reason Why Raeliana Ended Up At Duke's Mansion(Myanmar Translation)Where stories live. Discover now