ယူနီကုတ်ဇာတ်လမ်းအတိုင်းဆို ရယ်လီအာနာ မတ်ခ်မင်လန်ဟာ အဆိပ်မိပြီး သေရမှာပေါ့။ သူမရဲ့အမျိုးသားက ညတိုင်း အဆိပ်ခပ်ထားတဲ့လက်ဖက်ရည်ကို တိုက်ပြီး သေအောင်လုပ်လိမ့်မယ်။
"ဖရန်စစ်စ် ဘရွတ်ခ်စ်...
ရယ်လီအာနာနဲ့ စေ့စပ်ထားတဲ့သူ"ဘရွတ်ခ်စ်ဟာ မတ်ခ်မင်လန်မိသားစုရဲ့ ယုံကြည်မှုကို ရထားပြီးသားမို့ ရယ်လီအာနာဟာ သာမန်သေဆုံးရတယ်ဆိုတာကို နားချဖို့ သိပ်လွယ်တာပေါ့။ ရယ်လီအာနာမရှိတော့တဲ့အခါ ဘရွတ်ခ်စ်ဟာ မတ်ခ်မင်လန်မိသားစုရဲ့စီးပွားရေးကို မောင်ပိုင်စီးဖို့ကြိုးစားတော့မယ်လေ။ အဲ့အချိန်မှာ ဝတ္ထုရဲ့ဇာတ်လိုက်မင်းသမီးရောက်လာပြီး ရယ်လီအာနာသေဆုံးရခြင်းရဲ့အမှန်တရားကို ဖော်ထုတ်လိမ့်မယ်။
ကျွန်မအသက်မဆုံးရှူံးဖို့အတွက် စေ့စပ်ထားတာကို အရင်ဖျက်သိမ်းရမယ်။ ဒါပေမယ့် ဘယ်လိုလုပ်ရပါ့မလဲ။ နှစ်ဖက်မိသားစုသဘောတူလို့ စေ့စပ်ထားခဲ့ကြတာ။ ပြီးတော့ နာမည်သာရှိပေမယ့် ဘရွတ်ခ်စ်မိသားစုဟာ လေးစားခံ အထက်တန်းမျိုးနွယ်ဝင်မိသားစုဖြစ်နေတယ်။ ခိုင်လုံတဲ့အကြောင်းရင်းမရှိပဲ စေ့စပ်ထားတာကို ပြန်ရုတ်သိမ်းလို့ရမှာ မဟုတ်ဘူး။
ဘရွတ်ခ်စ်က ကျွန်မကို သတ်ဖို့ကြံစည်နေတဲ့အကြောင်းကို ထုတ်ပြောပြန်ရင်ကော ဘယ်သူကယုံမှာလဲ။ အရူးဆေးရုံကိုပဲ အပို့ခံရရုံကလွှဲလို့ ဘာမှ ထူးခြားမှာမဟုတ်ပါဘူးလေ။ဘရွတ်ခ်စ်ကို ရှင်းထုတ်ဖို့ အကြောင်းပြချက်တစ်ခု ရှာဖို့လိုပြီ။
************************************
"လမ်းခွဲကြရအောင်""ဟဟ ရယ်လီအာနာရေ ဟိုးက ကျီးကန်းကိုကြည့်ပါဦး"
"လမ်းခွဲကြဖို့ ကျွန်မပြောနေတာလေ"
YOU ARE READING
The Reason Why Raeliana Ended Up At Duke's Mansion(Myanmar Translation)
Fantasyယူနီကုတ် သူမဖတ်နေကျဝတ္ထုရဲ့ ကမ္ဘာထဲက ရယ်လီအာနာအမည်ရ အထက်တန်းမျိုးနွယ်ဝင်မိန်းမပျိုရဲ့ ခန္ဓကိုယ်ထဲကို ပတ်အွန်းဟရဲ့ ဝိညာဥ် ရောက်လာခဲ့ပါတယ်။ ဝတ္ထုရဲ့ဇာတ်လမ်းအတိုင်းဆို သူမနဲ့စေ့စပ်ထားတဲ့အမျိုးသားဟာ အိမ်ထောင်ကျပြီးတဲ့နောက် သူမကို အဆိပ်ခတ်သတ်မယ်ဆိုတာကို...