Chapter-11

1.4K 186 0
                                    

Unicode

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Unicode

"ဂျုအမတ်မင်း ကျွန်မတို့နှစ်ယောက်ရဲ့စာချုပ်အကြောင်းကို သိတဲ့သူ ဘယ်သူရှိပါသေးလဲ? ရှိသေးတယ်ဆို သူတို့အကြောင်း ကျွန်မသိထားသင့်တယ် ထင်လို့ပါ"

"ကျွန်တော်တို့အပြင် တခြားနှစ်ယောက်ရှိပါသေးတယ်...တစ်ယောက်က ဒီစံအိမ်ကပါ"

"မစ္စတာတေလာလားရှင့်?",

"မှန်ပါတယ်...နောက်တစ်ယောက်ကို မကြာခင် လေဒီ သိရပါလိမ့်မယ်"

ဟိုသက်တော်စောင့်များ ဖြစ်နေမလား။ သူ့အကြောင်းကို ဝတ္ထုထဲမှာ ဖတ်ခဲ့ဖူးတယ်။

အင်း...စာချုပ်အကြောင်းကို လူနည်းနည်းပဲ သိတာမို့ ဒီအိမ်ထဲမှာလည်း ချစ်ကြည်နူးပြီး တစ်တီတူးနေတဲ့စုံတွဲလို နေပြရဦးမယ်။

"အိမ်ထဲမှာဖြစ်ဖြစ် အပြင်မှာဖြစ်ဖြစ် လေဒီက ကျွန်တော်သိပ်ချစ်ရတဲ့သတို့သမီးလောင်းအဖြစ် မြင်ကြရမှာပါ"

"နေပါဦးရှင့်....စာချုပ်ထဲမှာမပါတဲ့ တခြားကိစ္စတွေအကြောင်း အသေးစိတ်ဆွေးနွေးရအောင် အမတ်မင်း"

"ကောင်းပြီလေ"

"ပထမဆုံးကျွန်မကို လေဒီလို့မခေါ်ပဲ ရယ်လီအာနာလို့ခေါ်ပါ"

"ကောင်းပါပြီ ရယ်လီအာနာ"

"ရှင် ကျွန်မကို သံသယဝင်နေတယ်ဆိုတာ နားလည်ပေမယ့် ရှင့်အတွက်အရေးမပါရင်တောင် ကျွန်မရဲ့ကိုယ်ရေးကိုယ်တာလုံခြုံမှုကို လေးစားပေးပါ"

"ကျွန်တော်က ငြင်းရင်ရော?"

တကယ်ကို လက်ပေါက်ကပ်တဲ့ လူကြီး! စိတ်လျှော့ ရယ်လီအာနာ...

The Reason Why Raeliana Ended Up At Duke's Mansion(Myanmar Translation)Where stories live. Discover now