Unicode
ကျွန်မနှိုးထလာခဲ့တဲ့ ဝတ္ထုကမ္ဘာက ချန်မာတိုင်းပြည်ထဲမှာရှိတာပါ။
သိပ္ပံနဲ့နည်းပညာဆင့်ကဲတိုးတက်လာခြင်း၊ ဆိုရှယ်နိုင်ငံရေးသမားများ ပေါ်ထွက်လာခြင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ ကျဆုံးခြင်းနဲ့ အရင်းရှင်စနစ် အားကောင်းလားခြင်း.....စတဲ့ ဒီအကြောင်းရင်းတွေဟာ ပဒေသရာဇ် မျိုးနွယ်တွေရဲ့ အချုပ်အခြာအာဏာ ကျဆင်းလာခြင်းရဲ့ အဖြေဖြစ်တယ်။
ဒီအချိန်အတောအတွင်းမှာလည်း မတ်ခ်မင်လန်မိသားစုလို အထက်တန်းလူတန်းစားဘွဲ့နာမည်ကို ဝယ်ယူတဲ့ သာမန်လူတန်းစားကနေ ကူးပြောင်းလာတဲ့
အထက်တန်းမျိုးနွယ်ဘွဲ့ခံမိသားစုအသစ်အရေအတွက်ဟာလည်း တိုးပွားသထက် တိုပွားလာနေတယ်။ဒီလိုနဲ့ပဲ မတ်ခ်မင်လန်မိသားစုတို့လို မကြာခင်ကမှ ချမ်းသာလာတဲ့ အထက်တန်းမျိုးနွယ်ဘွဲ့ခံမိသားစုတွေ(noveau riche)နဲ့ ဘိုးစဥ်ဘောင်ဆက် အမွေလက်ဆင့်ကမ်းပြီး တည်ရှိလာတဲ့ အထက်တန်းမျိုးနွယ်ဝင်မိသားစုတွေ(vieux riche)ရဲ့ကြား အာဏာယှဥ်ပြိုင်မှုဟာလည်း ကြီးထွားလာခဲ့တယ်။
အဲ့ဒီ vieux richeတွေဟာ ပဒေသရာဇ်အာဏာကို ခြိမ်းခြောက်ထိပါးလာတာကို ကာကွယ်ဖို့အတွက်
တော်ဝင်မိသားစုဟာ noveau richeတွေနဲ့ မဟာမိတ် တည်ထောင်လိုက်ရတယ်။ဒါပေမယ့်လည်း အင်အားချင်းမမျှတဲ့အတွက် လွယ်တော့ မလွယ်လှဘူး။ vieux richeတွေဟာ noveau richeတွေ လွှမ်းမိုးလာမှုကို တားဆီးဖို့ ဥပဒေအသစ်ကို တီထွင်လ်ိုက်ကြတယ်။
အဲ့ဥပဒေအသစ်နာမည်က " noveauတွေအား တားဆီးခြင်း ဥပဒေ"လို့ အမည်ရတယ်။ ဒါပေမယ့် ဒီဥပဒေအသစ်ကို အတည်ပြုဖို့ လိုအပ်တဲ့ တော်ဝင်တံဆိပ်တုံးဟာ အစအနရှာမရပဲ ပျောက်ခြင်းမလှ ပျောက်သွားခဲ့တယ်။ အားမလျှော့သေးတဲ့ vieuxတွေဟာ noveauတွေကို နှိပ်ကွပ်ဖို့နည်းလမ်းတွေကို ရှာဖွေနေဆဲမှာပဲ တက်သစ်စကြယ်တစ်ပွင့် ပေါ်ထွက်လာခဲ့တယ်။ အဲ့ဒီကြယ်ပွင့်က
YOU ARE READING
The Reason Why Raeliana Ended Up At Duke's Mansion(Myanmar Translation)
Fantasyယူနီကုတ် သူမဖတ်နေကျဝတ္ထုရဲ့ ကမ္ဘာထဲက ရယ်လီအာနာအမည်ရ အထက်တန်းမျိုးနွယ်ဝင်မိန်းမပျိုရဲ့ ခန္ဓကိုယ်ထဲကို ပတ်အွန်းဟရဲ့ ဝိညာဥ် ရောက်လာခဲ့ပါတယ်။ ဝတ္ထုရဲ့ဇာတ်လမ်းအတိုင်းဆို သူမနဲ့စေ့စပ်ထားတဲ့အမျိုးသားဟာ အိမ်ထောင်ကျပြီးတဲ့နောက် သူမကို အဆိပ်ခတ်သတ်မယ်ဆိုတာကို...