Chapter-15

1.4K 186 5
                                    

Unicode

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


Unicode

ကပွဲလာပရိသတ်ရဲ့အကြည့်တွေ့က နိုအာတို့စုံတွဲအပေါ်မှာပဲ ကျရောက်နေတယ်။ အထူးသဖြင့် ရယ်လီအာနာကိုပေါ့။ သူမကို ပေါ်ပေါ်ထင်ထင် စိုက်ကြည့်ကြရုံသာမက တီးတိုးစကားတွေလည်းပြောနေကြတယ်။ ဘာအကြောင်းအရာလဲဆိုတာ မကြားရပေမယ့် သူမရဲ့အကြောင်းဆိုတာတော့ သေချာတယ်။
တချို့ကတော့ ရယ်လီအာနာတို့ဆီ ချဥ်းကပ်ပြီး လာစကားပြောကြတယ်။

"ဒီလိုချစ်စရာလေဒီနဲ့ စေ့စပ်ထားမှတော့ ဂျုအမတ်မင်းက ဘရွတ်ခ်စ်မိသားစုကိစ္စကို ချက်ချင်း မဆိုင်းမတွရှင်းလိုက်တာ မဆန်းတော့ဘူး"

"ဂုဏ်ပြုပါတယ် လေဒီ ရယ်လီအာနာ... ခုတလော ‌လေဒီကြောင့်
ဂျုအမတ်မင်း ဖျတ်လတ်တက်ကြွနေတာကိုး"

"ဟဟ အဲ့လို့လား ခင်ဗျ"

အို...စပြီ....နိုအာ ဝင့်ခ်နိုက်ထ်ရဲ့အပြုံး..

"ဒီလို အံသြစရာမိန်းကလေးနဲ့ ဆုံတွေ့ခွင့်ရခဲ့တဲ့အတွက်"

ရယ်လီအာနာ့ကို အသာဖက်ရင်း နိုအာ ပြန်ပြောလိုက်တယ်။

"ကံကြမ္မာကို ကျွန်တော် ဘယ်လောက်တောင် ကျေးဇူးတင်နေမိသလဲဆိုတာ ခင်ဗျားတို့သိမှာ မဟုတ်ဘူး"

အောင်မလေး....စကားက တတ်လည်းတတ်နိုင်ပါ့နော် နိုအာ!!!

ပြုံးပြုံးလေးနေစမ်း ရယ်လီအာနာ။

"လေဒီ ရယ်လီအာနာ!  တွေ့ရတာ ဝမ်းသာပါတယ်.. စိတ်မရှိဘူးဆိုရင် ကျွန်တော့်ကို လေဒီနဲ့ ကခွင့်ပြုပါ ခင်ဗျာ"

ရယ်လီအာနာ့ရှေ့ အဲ့သူကမ်းပေးတဲ့လက်ကို နိုအာက တားလိုက်တယ်။

"တောင်းပန်ပါတယ်...လေဒီက ကျွန်တော်နဲ့စေ့စပ်ထားတာမို့ တခြားသူနဲ့ကဖို့ကို ကျွန်တော် ခွင့်မပြုနိူင်ပါဘူး"

The Reason Why Raeliana Ended Up At Duke's Mansion(Myanmar Translation)Where stories live. Discover now