Unicode
ဝင့်ခ်နိုက်ထ်စံအိမ်ရဲ့ဥယျာဥ်ထဲတွင်......
"ဆာ တေလာ... ဒီစံအိမ်ကနေ ထွက်သွားဖို့ ဖြစ်နိုင်လားဟင်? ဒီစံအိမ်ကနေထွက်ပြီး ညာဘက်ကိုချိုးလိုက်ရင် ကျွန်မအိမ်ဘက်ကို သွားမယ့်လမ်းပဲ"
အာဒမ်က အသံတိတ် ခေါင်းသာရမ်းပြတယ်။
"ကျွန်မမေးတာ လွန်သွားပြီထင်ပါတယ်လေ"
အာ...အိမ်ပြန်ဖို့ကို မေ့လိုက်ဖို့ပဲ ကောင်းပါတယ်လေ။
ဘာပဲပြောပြော နိုအာက ငါ့အသက်သခင်ကျေးဇူးရှင်ပဲလေ။
ဒါပေမယ့် ဒီခန္ဓာကိုယ်က ငါ့ဟာမဟုတ်ဘူးလေ။
ဒါကို လျစ်လျူရှုလို့ ရပါ့မလား။ဟူး....
အတွေးတသီကြီးနဲ့ စိတ်ရှုပ်နေတုန်းမှာ ရယ်လီအာနာရဲ့ခေါင်းထက် တရှုံ့ရှုံ့နဲ့ အနံ့ခံသံကို ကြားလိုက်ရတယ်။
သူမမော့ကြည့်လိုက်တော့ အာဒမ်က သူမဆံပင်ကို အနံ့ခံနေတာဖြစ်နေတယ်။
သူမလည်း သူမဆံပင်စတွေကိုယူပြီး နှာခေါင်းနားတေ့ကပ် နမ်းကြည့်လိုက်တယ်။"ကျွန်မဆံပင်က အနံ့ထင်ပါရဲ့ ဆာ တေလာ...မနေ့ကပြဿနာအပြီးကထဲက ရေမချိုးရသေးလို့လေ"
YOU ARE READING
The Reason Why Raeliana Ended Up At Duke's Mansion(Myanmar Translation)
Fantasíaယူနီကုတ် သူမဖတ်နေကျဝတ္ထုရဲ့ ကမ္ဘာထဲက ရယ်လီအာနာအမည်ရ အထက်တန်းမျိုးနွယ်ဝင်မိန်းမပျိုရဲ့ ခန္ဓကိုယ်ထဲကို ပတ်အွန်းဟရဲ့ ဝိညာဥ် ရောက်လာခဲ့ပါတယ်။ ဝတ္ထုရဲ့ဇာတ်လမ်းအတိုင်းဆို သူမနဲ့စေ့စပ်ထားတဲ့အမျိုးသားဟာ အိမ်ထောင်ကျပြီးတဲ့နောက် သူမကို အဆိပ်ခတ်သတ်မယ်ဆိုတာကို...