Chapter-18

1.3K 167 0
                                    

Unicode

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Unicode

"အော်...ဒါနဲ့ လေဒီတွေအချင်းချင်း မိတ်ဆုံစည်းဝေးပွဲလုပ်ကြတယ်ဆိုတာ အမှန်လားဟင်?"

"ဟုတ်ပါတယ် လေဒီ...ဒီနေ့ကပွဲကိုလည်း အဖွဲ့ဝင်တွေအများကြီး တက်ကြတယ်လေ"

"အဖွဲ့ဝင်တွေ?...မိတ်ဆုံစည်းဝေးပွဲက ဘယ်လိုမျိုးလဲဟင်? လေဒီ ပရိုင်စီကို အားကျမိပါတယ်..တခြားလေဒီတွေနဲ့ ဘယ်လိုဆက်ဆံရမလဲဆိုတာကို ကျွန်မခုထိ မသိသေးဘူးလေ"

သူတို့နဲ့ သိပ်ဆက်ဆံချင်လှရယ်လိုလည်း မဟုတ်ပါဘူးလေ။‌ နိုအာကို ကတိပေးထားမိလို့သာပေါ့။

"လေဒီ ရယ်လီအာနာ..."

"ကျွန်မကို ရယ်လီအာနာလို့ပဲ ခေါ်ပါ"

"ကောင်းပြီလေ..အဲ့ဒါဆို နောက်တ‌ခေါက်
စည်း‌ေးပွဲကျရင် လာခဲ့ပါလား....ကျွန်မဘက်က အားပေးမယ့်သူတစ်ယောက်ရှိရင် သိပ်ကောင်းမှာပဲ"

"ပျော်လိုက်တာ....ကျွန်မတို့တစ်ယောက်နဲ့တစ်ယောက် ဒီ့ထက်ပိုရင်းနှီးခွင့်ရမယ်ဆို ပိုပျော်မိမှာပဲ"

"ရယ်လီအာနာ့ဆီကို ဖိတ်စာတစ်စောင် ပို့လိုက်ပါ့မယ်"

"လေဒီ ပရိုင်စီကို ထပ်ပြီးကျေးဇူးတင်ပါတယ်"

ဒီလောက်ကတော့ အလွယ်လေး။ နိုအာတော့ ငါ့ဆီ ကျိန်းသေ အကြွေးတင်သွားပြီ။ သူ့ဆီကနေ ဘာပြန်တောင်းရရင် ကောင်းမလဲ။

"ကျွန်မတို့ ခန်းမဆီ ပြန်ကြစို့..မဟုတ်ရင် ကျွန်မတို့ကို စိတ်ပူနေကြတော့မယ်"

"ကောင်းပြီလေ...ပြန်ကြတာပေါ့ ရယ်လီအာနာ"

အန်န်စလီက လေဒီနှစ်ယောက်ကို တံခါးဖွင့်ပေးလိုက်တဲ့အခါ မီးခိုးငွေ့လို အငွေ့တွေ အခန်းထဲ တိုးဝှေ့ဝင်လာတယ်။

The Reason Why Raeliana Ended Up At Duke's Mansion(Myanmar Translation)Where stories live. Discover now