Unicode
ဧရာမသတ္တဝါကြီးရှေ့တိုးလာလို့ အာဒမ်နဲ့ ရယ်လီအာနာ နောက်ဆုတ် နောက်ဆုတ်ရင်း တောင်ကုန်းအစွန်နားကို ရောက်လို့လာပါတယ်။
"ဆာ အာဒမ်ရေ.... ကျွန်မတို့နောက်မှာ ကမ်းပါးပဲရှိတော့တယ်နော်"
အဲ့ဒီအချိန်မှာ သတ္တဝါကြီးက သူမတို့အပေါ်ကို ခုန်အုပ်လာတဲ့အတွက် အာဒမ်က သူမကိုပွေ့ပြီး ခုန်ရှောင်လိုက်ရပါတယ်။ ခု သူမတို့ရပ်နေတဲ့နေရာက ကမ်းပါးအောက်ကို မပြုတ်ကျရုံ တဲတဲလေးပဲ ကျန်ပါတော့တယ်။
အာဒမ်က ကမ်းပါးအောက်ကို ဝေ့ကြည့်ပြီး သူမကို တွန်းချလိုက်ပါတယ်။
ဟမ်?....ဘာလို့ အာဒမ်က ငါ့ကို တွန်းချလိုက်တာလဲ?
အာဒမ်က သူမကို ကမ်းပါးအပေါ်ကနေ ကြည့်နေပြီး ကျန်ခဲ့တယ်။
YOU ARE READING
The Reason Why Raeliana Ended Up At Duke's Mansion(Myanmar Translation)
Fantasyယူနီကုတ် သူမဖတ်နေကျဝတ္ထုရဲ့ ကမ္ဘာထဲက ရယ်လီအာနာအမည်ရ အထက်တန်းမျိုးနွယ်ဝင်မိန်းမပျိုရဲ့ ခန္ဓကိုယ်ထဲကို ပတ်အွန်းဟရဲ့ ဝိညာဥ် ရောက်လာခဲ့ပါတယ်။ ဝတ္ထုရဲ့ဇာတ်လမ်းအတိုင်းဆို သူမနဲ့စေ့စပ်ထားတဲ့အမျိုးသားဟာ အိမ်ထောင်ကျပြီးတဲ့နောက် သူမကို အဆိပ်ခတ်သတ်မယ်ဆိုတာကို...