Unicode
"လန်စတန်!!!"
ဖရန်စစ်စ် ဘရွတ်ခ်စ်????
"ဘာဖြစ်နေလို့လဲ?"
"ငါ့ကို အပြင်မှာ ခဏထွက်တွေ့"
ဘာဖြစ်လို့ပါလိမ့်? အပြင်ကိုချောင်းကြည့်ဖို့ကျတော့ ပြတင်းပေါက်က အရမ်းမြှင့်လွန်းနေတယ်။
"တောက်! ရထားလုံးကို ပစ်ထားခဲ့လိုက်တော့.... ငါ သစ်တောထဲကနေ ဖြတ်သွားလိုက်မယ်....မင်း အဲ့မိန်းကလေးကို ရှင်းလိုက်တော့"
လန်စတန်ထွက်သွားပြီးတဲ့နောက် ဖရန်စစ်စ် ဘရွတ်ခ်စ် ရထားလုံးထဲ ဝင်လာတယ်။
"ဖရန်စစ်စ် ဘရွတ်ခ်စ်!"
"မင်းသာ ငါ့ကို လက်ထပ်ခဲ့မယ်ဆိုရင် ဒါမျိုးအဖြစ်နဲ့ကြုံရမှာမဟုတ်ဘူး"
အရှက်ကင်းမဲ့တဲ့စကားကို ပြောထွက်တဲ့ ဖရန်စစ်စ်ကို ရယ်လီအာနာစိုက်ကြည့်ပြီး ပြန်ပြောလိုက်တယ်။
"အဲ့ဒါဆိုရင် ရှင်က လက်ထပ်ပြီးရင် ကျွန်မအသက်ကို ချမ်းသာပေးမှာပေါ့?"
ဖရန်စစ်စ် ထိတ်လန့်သွားတယ်။ ရယ်လီအာနာ သူ့အကြံကို သိပြီးနေပြီးပြီလားဆိုတဲ့ အတွေးနဲ့ပေါ့။
"လက်ထပ်ပြီးရင် ရှင် ကျွန်မကို သတ်ပစ်ဖို့ စီစဥ်ထားတာမဟုတ်ဘူးလား? ညတိုင်း ကျွန်မလက်ဖက်ရည်ခွက်ထဲ အာဆင်းနစ်ခ်အဆိပ်ခပ်ပြီးတော့လေ"
"ဘယ်...ဘယ်လိုလုပ်ပြီး မင်းသိ...."
လန်စတန်နဲ့ဖရန်စစ်စ်တို့နှစ်ယောက်စကားပြောနေတုန်း ဖြဲဆုတ်ထားတဲ့ သူမရဲ့ဂါဝန်အောက်နားအစနဲ့ ဖရန်စစ်စ်မျက်နှာကို အုပ်၊ သူ့ကို တံတောင်ဆစ်နဲ့တွန်းတိုက်ပြီး ရယ်လီအာနာ ရထားလုံးထဲကနေ ထွက်ပြေးလိုက်တယ်။
YOU ARE READING
The Reason Why Raeliana Ended Up At Duke's Mansion(Myanmar Translation)
Fantasyယူနီကုတ် သူမဖတ်နေကျဝတ္ထုရဲ့ ကမ္ဘာထဲက ရယ်လီအာနာအမည်ရ အထက်တန်းမျိုးနွယ်ဝင်မိန်းမပျိုရဲ့ ခန္ဓကိုယ်ထဲကို ပတ်အွန်းဟရဲ့ ဝိညာဥ် ရောက်လာခဲ့ပါတယ်။ ဝတ္ထုရဲ့ဇာတ်လမ်းအတိုင်းဆို သူမနဲ့စေ့စပ်ထားတဲ့အမျိုးသားဟာ အိမ်ထောင်ကျပြီးတဲ့နောက် သူမကို အဆိပ်ခတ်သတ်မယ်ဆိုတာကို...