Unicode
"ဟိုနေရာကို သွားစစ်ကြည့်လိုက်....တစ်ယောက်ယောက်ကို ရှာတွေ့ရင် ချက်ချင်းကျွန်တော့်ကို လာပြောပါ"
"ဟုတ်ကဲ့ပါ အမတ်မင်း"
ငုတ်တုတ်ထိုင်ပြီး အတွေးထဲနစ်မြောနေတဲ့သူမကိုယ်ပေါ်ကို နိုအာက သူ့ကုတ်အင်္ကျီနဲ့ လာခြုံပေးတယ်။
ဟုတ်ပါရဲ့။
သူမဂါဝန်အောက်ပိုင်းကို ဖြဲထားမိတယ်လေ။"ကျေးဇူးပါ နိုအာ"
ကျေးဇူးတင်စကားပြောရင်း နိုအာ့ခါးကြားက သေနတ်ကို သူမသတိထားမိလိုက်တယ်။ သူမအသက်အန္တရာယ်ရှိတယ်ဆိုတာကို နိုအာ သဘာပေါက်သွားပြီပေါ့။
"ဟိုမှာ လူတစ်ယောက်!"
သက်တော်စောင့်တွေထိုးပြတဲ့နေရာကို သူမကြည့်လိုက်တဲ့အခါ ရင်းနှီးနေတဲ့မျက်နှာကို မြင်လိုက်ရတယ်။
"ဖရန်စစ်စ် ဘရွတ်ခ်စ်!"
"ရယ်လီအာနာ!"
"ဒီလိုကိစ္စတွေဖြစ်ရတာ ရှင့်ကြောင့်!"
"အဲ့လိုမဟုတ်ရပါဘူး....ကျွန်တော်ရှင်းပြတာကို နားထောင်ပါဦး"
ဖရန်စစ် ဘရွတ်ခ်စ်ကို ဖမ်းခေါ်လာတုန်းက အားလုံးအလုပ်ရှုပ်နေကြတုန်း နိုအာမသိအောင် သူ့ခါးကြားကနေ ယူလာတဲ့ သေနတ်ကို ထုတ်ပြီး သွေးအေးအေးနဲ့ ပြန်ပြောလိုက်တယ်။
"ဒါ နည်းနည်းလေးတောင် နာမှာမဟုတ်ပါဘူး"
"ခဏလေး...တစ်မိနစ်လောက် စောင့်ပါဦး"
ရယ်လီအာနာ အံကြိတ်ပြီး ပြုံးပြလိုက်တယ်။
"ရှင်သာ ကျွန်မကို လက်မထပ်ချင်ခဲ့ဘူးဆိုရင် အရာအားလုံးက သူ့နေရာနဲ့သူ အဆင်ပြေနေခဲ့မှာလေ"
YOU ARE READING
The Reason Why Raeliana Ended Up At Duke's Mansion(Myanmar Translation)
Fantasyယူနီကုတ် သူမဖတ်နေကျဝတ္ထုရဲ့ ကမ္ဘာထဲက ရယ်လီအာနာအမည်ရ အထက်တန်းမျိုးနွယ်ဝင်မိန်းမပျိုရဲ့ ခန္ဓကိုယ်ထဲကို ပတ်အွန်းဟရဲ့ ဝိညာဥ် ရောက်လာခဲ့ပါတယ်။ ဝတ္ထုရဲ့ဇာတ်လမ်းအတိုင်းဆို သူမနဲ့စေ့စပ်ထားတဲ့အမျိုးသားဟာ အိမ်ထောင်ကျပြီးတဲ့နောက် သူမကို အဆိပ်ခတ်သတ်မယ်ဆိုတာကို...